စက်တင်ဘာ ၉ ရက်၊ ၂၀၂၁
ကမ္ဘာတဝန်းကို ကိုဗစ်-၁၉ ကာကွယ်ဆေး ဒို့စ်ပေါင်းသန်း ၁ ထောင်ကျော်ရောင်းချခဲ့ရပြီး တရုတ်ယွန်သန်း ၈ ထောင်ကျော်အမြတ်ငွေ
ရရှိခဲ့သည်ဟု စိုင်းနိုးဗက် ဆို။
၂၀၂၁ ခုနှစ် ပထမ ၆ လအတွင်း ကမ္ဘာတဝန်းကို ကိုဗစ်-၁၉ ကာကွယ်ဆေးဒို့စ်ပေါင်းသန်း ၁ ထောင် ကျော်ရောင်းချခဲ့ရပြီး တရုတ်ယွန်ငွေ
သန်း ၈,၄၈၀ (ဘတ် ၄၀.၂၄ ဘီလျံ) အမြတ်ငွေရရှိခဲ့ပြီး ပြီးခဲ့သည့်နှစ်ကာလတူထက် ၆ ဆတိုးတက်ခဲ့သည်ဟု တရုတ်ထိပ်တန်းဆေးဝါး
ကုမ္ပဏီတစ်ခုဖြစ်သည့် စိုင်းနိုးဘိုင်အိုဖမ်မာစူတစ်ကယ် ကုမ္ပဏီမှပြီးခဲ့သည့် ဩဂုတ် ၃၁ ရက်နေ့တွင် ထုတ်ပြန်သည်။
အဆိုပါ ကုမ္ပဏီသည် စိုင်းနိုးဗက်ဘိုင်အိုတက်၏လက်ခွဲကုမ္ပဏီတစ်ခုတွင် ရှယ်ယာ ၁၅ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်ဟု သိရသည်။
အဆိုပါအမြတ်ငွေများထဲတွင် ယွန်သန်း ၆,၉၁၀ သည် စိုင်းနိုးဗက်အပါအဝင်လက်ခွဲကုမ္ပဏီများမှရရှိလာသည်ဟု စိုင်းနိုးဘိုင်အိုဖမ်စူတစ်ကယ်
ကုမ္ပဏီနာယက ထရီဆာ ရှားကဆိုသည်။