တာ့ခ်တွင် လမ်းပျက်၍ ကျောင်းသုံးရက်ပိတ်ရ
.
ဩဂုတ် ၇ ရက်၊ ၂၀၂၃
.
ယနေ့မနက်အစောပိုင်းတွင် ထိုင်းနိုင်ငံမြောက်ပိုင်း တာ့ခ်ခရိုင်နှင့် မယ်ဟောင်ဆောင်ခရိုင်တို့ကို ဆက်သွယ်ထားသော အမှတ် ၁၀၅ လမ်းမကြီးတွင် လမ်းမြေသားနိမ်ကျသွားပြီး အက်ကွဲသွားခြင်းကြောင့် ဖြတ်သန်းသွားလာခြင်းမပြုနိုင်၍ တာ့ခ်ခရိုင်၊ ထာ့ဆောင်းယန်မြို့နယ်၊ ထာ့ဆောင်းယန်ကျေးရွာအုပ်စု၊ မယ်ကျွမ်ကျေးရွာစာသင်ကျောင်းကို ၃ ရက်ပိတ်လိုက်ရသည်။
.
တာ့ခ်ခရိုင်တွင် ဇူလိုင်လ ၃၁ ရက်နေ့ကစပြီး မိုးသည်းထန်စွာရွာသွန်းခဲ့ခြင်းကြောင့် ရုတ်တရက်ရေကြီးရေလျှံခြင်း၊ တောင်ကျချောင်းရေလျှံခြင်း၊ မြေပြိုခြင်း စသည့်သဘာဝဘေးအန္တရာယ်များတောက်လျှောက်ဖြစ်ပေါ်ခဲ့ပြီး အမှတ် ၁၀၅ လမ်းမကြီးတွင် နေရာ ၃ ခုအထိ လမ်းမြေသားနိမ့်ကျပြီးလမ်းအက်ကွဲမှုဖြစ်ပေါ်ခဲ့သည်။
.
Photo:AEC
.
Myanmar Live မှ သတင်းများကို အောက်ပါပလက်ဖောင်းများတွင် စောင့်ကြည့်နိုင်ပြီ
Twitter : https://bit.ly/3gGOuaL
Instagram : https://bit.ly/3HPR8a3
TikTok : https://bit.ly/3oLirLd
Youtube : https://bit.ly/34F5F9Z