■ယူရိုချန်ပီယံအီတလီအသင်းသားတွေကို အီတလီ သမ္မတ မတ်တာရယ်လာ က သူ့ရဲ့နန်းတော်ကိုခေါ်ပြီး အထူးဂုဏ်ပြုဆုချီးမြှင့် ခဲ့ပါတယ်။ အီတလီအသင်းသားတွေဟာ အီတလီရဲ့ အမျိုးသားရေးစိတ်ဓာတ်ကိုဖော်ကျူးနိုင်ခဲ့တဲ့ အနေနဲ့ ယူရိုချန်ပီယံဆုဖလားကြီးကိုရယူနိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုချီးမြှင့်ရခြင်းဖြစ်တယ်လို့ အီတလီ သမ္မတနန်းတော်က ထုတ်ပြန်ခဲ့ပါတယ်။ အီတလီအသင်းသားအားလုံးကို ဂုဏ်ထူးဆောင်အီတလီနိုင်ငံသားဆုတံဆိပ်တွေကိုပေးအပ်ခဲ့တာ …