23 May 2024

,

 သရက်သီးထိုင်းလူမျိုးတွေ ရော မြန်မာလူမျိုးတွေပါ ကြိုက်တဲ့အသီးအနှံတွေထဲကတစ်ခုဖြစ်ပါတယ်။  သရက်သီးသည် ဝယ်ရတာလွယ်ကူပြီး အစိမ်းရော အမှည့်ပါ အရသာရှိသော သစ်သီးတစ်မျိုးဖြစ်ပါတယ်။

 သရက်သီးစိမ်း၏ အကျိုးကျေးဇူးများ

သရက်သီးစိမ်းတွင် အချို နှင့် အချဉ် အရသာနှစ်မျိုးရှိပါတယ်။ ဒါကြောင့် သရက်သီးမှာ ဗီတာမင်စီပြည့်ဝ စွာပါဝင်ပါတယ်။ antioxidants ( ကိုယ်ခံအားစနစ်ကိုထောက်ပံ့ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ) လဲ ပါဝင်တာကြောင့် အသားရေကိုကြည်လင်တောက်ပစေပါတယ်။ အအေးမိခြင်းမှလဲကာကွယ်ပေးပါတယ်။ ဗီတာမင်စီချို့တဲ့လို့ဖြစ်လာတဲ့ရောဂါ နှင့် ရာသီဥတုပူလို့ ရေငတ်ခြင်းမှလဲသက်သာစေပါတယ်။

 သရက်သီးမှည့်၏ အကျိုးကျေးဇူးများ

သရက်သီးမှည့်သည့် အဝါရောင်ဖြစ်တာကြောင့် ဗီတာမင်အေ နှင့် ဘီတာကာရိုတင်းဓာတ်များပါဝင်တာကြောင့် မျက်စိကိုအာဟာရဖြစ်စေပြီး ညဘက်တွင်ကြည်လင်ပြတ်သားစွာမမြင်ရတဲ့အမြင်အာရုံဝေဝါးခြင်းမှလဲ ကာကွယ်ပေးပါတယ်။ ဝမ်းနုတ်ဆေး အာနိသင်လည်း ရှိပြီး ဝမ်းသွားအောင် အစာချေဖျက်ရာမှာ ကူညီပေးတဲ့ အမျှင်ဓာတ်လည်း ပါရှိပါတယ်။

SHARE THIS NEWS

OTHER NEWS