တာ့ခရိုင်အတွင်းရှိအလုပ်အကိုင်တချို့ကိုပိတ်ထားရန် တာ့ခ်ခရိုင်အုပ်ချုပ်ရေးမှုးရုံးမှ အမိန့်စာအမှတ်၂၇၇၁/၂၅၆၄ ဖြင့် ယနေ့တွင်ထုတ်ပြန်ကြေညာထားသည်ဟု
သိရသည်။
အားကစားသုံးရေကူးကန်များ၊ အားကစားကွင်းများ၊ ကုန်စည်ပြပွဲခန်းမများ၊ လေ့လာရေးစင်တာများ၊ ပညာရေးသိပ္ပံစင်တာများ၊ စာကြည့်တိုက်၊ စာကြည့်အိမ်၊
ပြတိုက်များ၊ ရှေးဟောင်းယဉ်ကျေးမှုနေရာများ၊ ကလေးငယ်နှင့်ကျောင်းနေအရွယ်မတိုင်မီကလေးငယ်ဖွံ့ဖြိုးရေးစင်တာများ၊ တက်တူးဆိုင်များ စသည့်
အလုပ်အကိုင်များကို ပိတ်ထားရန်ညွှန်ကြားထားသည်။
အလှပြင်ဆိုင်၊ ဆံပင်အလှပြင်ဆိုင်၊ ဆံပင်ညှပ်ဆိုင် စသည်တို့ကို ရောဂါကာကွယ်ရေးအစီအမံဖြင့်ဖွင့်လှစ်ခွင့်ပြုထားပြီး ခေါင်းလျှော်ခြင်း၊ မုတ်ဆိတ်မွေးနှုတ်ခမ်း
မွေးရိတ်ခြင်း နှင့် မျက်နှာနှိပ်နယ်ခြင်းတို့ကို တားမြစ်တားသည်။ ဆိုင်ခန်းထဲတွင်ထိုင်စောင့်နေခြင်းကိုလည်း ပိတ်ပင်ထားသည်။
ခြေသည်းလက်သည်းအလှပြင်ဆိုင်အမျိုးမျိုးကိုဖွင့်လှစ်ခွင့်ပြုထားပြီး ဆိုင်ခန်းထဲတွင်ထိုင်စောင့်နေခြင်းကိုတားမြစ်ထားသည်။
မဲဆောက်မြို့နယ်တွင် လေဝင်လေထွက်ကောင်းမွန်သော အလှပြင်ဆိုင်၊ ဆံပင်အလှပြင်ဆိုင်၊ ဆံပင်ညှပ်ဆိုင်များကိုဖွင့်လှစ်ခွင့်ပေးထားပြီး
ခေါင်းလျှော်ပေးခြင်း၊ နှုတ်ခမ်းမွေးမုတ်ဆိတ်မွေးရိတ်ပေးခြင်းနှင့်မျက်နှာနှိပ်နယ်ခြင်းကိုတားမြစ်ထားသည်။ ဆိုင်ခန်းထဲတွင်ထိုင်စောင့်
နေခြင်းကိုလည်း ပိတ်ပင်ထားသည်။
ခြေသည်းလက်သည်းအလှပြင်ဆိုင်အမျိုးမျိုးကို ဖွင့်လှစ်ခွင့်ပိတ်ထားပြီး ဆေးရုံအတွင်းရှိကလေးထိန်းကျောင်းများနှင့်ညအိပ်
ကလေးထိန်းကျောင်းများကိုသာ ဖွင့်လှစ်ခွင့်ပြုသည်။
သက်ကြီးရွယ်အိုဂေဟာများကိုလည်း ညအိပ်ဂေဟာများကိုသာဖွင့်လှစ်ခွင့်ပြုသည်။
အမိန့်ဆန့်ကျင်သူသည် ၂ နှစ်ထက်မပိုသောထောင်ဒဏ် သို့မဟုတ် ဘတ် ၄ သောင်းထက်မပိုသော
ငွေဒဏ် သို့မဟုတ် ပြစ်ဒဏ်နှစ်ရပ်စလုံးကိုချမှတ်နိုင်သည်ဟု ဖော်ပြထားသည်။
အဆိုပါ အမိန့်ကို ဩဂုတ်လ ၁၃ ရက် (၂၀၂၁) မှစ၍ ပြောင်းလဲအမိန့်တစ်စုံတစ်ရာမရှိသ၍ အာဏာတည်စေသည်ဟု
ဖော်ပြထားသည်။
ဩဂုတ် ၁၃ ရက် ၂၀၂၁