29 April 2024

ထန်းဆောင်းယန် တာ့ခ်ခရိုင်တွင် ထိုင်းကိုတရားမဝင်လာတဲ့ မြန်မာလုပ်သား ၅၄ ဦး ဖမ်းဆီးခြင်းခံရ

 

 

ထိုင်းကိုဝင်ရောက်ဖို့ ကြိုးစားနေတဲ့ တရားမဝင်မြန်မာလုပ်သား ၅၄ ဦးနဲ့သူတို့ကို တင်ဆောင်လာတဲ့ ပစ်ကပ်ကား ၃ စီး၊ ဆိုင်ကယ် ၂ စီးကို ဧပြီလ ၁၉ ရက်နေ့မှာ ဖမ်းမိထားပြီး၊ ယာဥ်မောင်းသူတွေဟာ ဝင်ဖမ်းနေစဥ် ထွက်ပြေးသွားတယ်လို့ နယ်ခြားစောင့် ထိုင်းစစ်တပ်ရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာတွင်ဖော်ပြထားပါတယ်။

 

 

အဖမ်းခံရသူတွေဟာ မြန်မာနိုင်ငံကနေ ထိုင်းကိုဝင်ရောက်လာတာပါ။ ပွဲစားချိန်းတဲ့နေရာကိုရောက်ဖို့ လမ်းလျှောက်ပြီးလာကြပါတယ်။ ကားနဲ့ဆိုင်ကယ်ဖြင့် ထိုင်းနိုင်ငံအတွင်းပိုင်းကို ဝင်ရောက်ဖို့ကြိုးစားနေစဥ်မှာပဲ အဖမ်းခံလိုက်ရပြီး၊ ဥပဒေအတိုင်းဆောင်ရွက်သွားဖို့ ထန်းဆောင်းယန်ရဲစခန်းကို လွဲပြောင်းထားတယ်လို့ ဖော်ပြချက်အရ သိရပါတယ်။

 

 

ကိုချစ် (ဇွဲကပင်မြေ)

ဓါတ်ပုံ – Royal Thai Army

SHARE THIS NEWS

OTHER NEWS