16 January 2025

စက်တင်ဘာ ၂ ရက်၊ ၂၀၂၁

 

ထိုင်းတောင်သူတွေအတွက် တစ်ထောင့်တစ်နေရာက ဝင်ငွေရရန်ဆိုပြီး ထိုင်းအစိုးရက ပြီးခဲ့တဲ့ ၂၀၂၁ ဩဂုတ်လ ၂၄ ရက်နေ့က ဘိန်းစာရွက်ကို

အဆင့် ၅ မူးယစ်ဆေးဝါးအဖြစ်မှ ဖယ်ရှားပေးခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ထိုင်းမှာ ဘိန်းစာရွက်တွေကို နေရာတိုင်းမှာလို ချရောင်းနေတာကို

တွေ့မြင်နိုင်ပါတယ်။

 

ထိုင်းနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၏ အတွင်းရေးမှုးဒေါက်တာ Withit Saritsadeechaikul က အစိုးရမူဝါဒ

အတိုင်း ဘိန်းစာရွက်ကို သာမန်ရောင်းဝယ်နေတာ အပြစ်မဟုတ်ပေမယ့် ဘိန်းစာရွက်ကို အရည်ဖျော်ရောင်းတာ၊ ကုန်ချောအဖြစ်ပြန်လည်

ထုတ်လုပ်ရောင်းချရန် စီစဉ်နေတဲ့သူတွေ အနေနဲ့ FDA ခွင့်ပြုချက်ရရှိရန် အရင်လျှောက်ထားရန်လို ကြောင်း ပြောခဲ့ပါတယ်။

 

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) အနေနဲ့ နိုင်ငံတော် ဝင်ငွေတိုးပွားလာစေရန် ကုန်ချောထုတ်လုပ် ခြင်းကိုအစဉ်

အားပေးလျက်ရှိကြောင်းနှင့် လက်ရှိမှာ ဥပဒေဘောင်တွင်းက ဖယ်ရှားပေးလိုက်တဲ့ ဘိန်းစာရွက်ကို ကုန်ချော အဖြစ် ထုတ်လုပ်ရောင်းချ

လိုသူတွေအနေနဲ့ FDA ၏ကြီးကြပ်မှုအောက်တွင် အချောထည်ပြုလုပ်ကြရန် တိုက်တွန်းနေတာကို တွေ့ရပါတယ်။

 

အဲဒါကြောင့်လည်း ဘိန်းစာရွက်ကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က အစားအစာ၊ ဆေးဖက်ဝင်အပင်ထုတ်ကုန်

များနှင့် တစ်တန်းထဲစံသတ်မှတ်ထားကြောင်း ဒေါက်တာ Withit Saritsadeechaikul က ထပ်မံပြောဆိုခဲ့ပါတယ်။

SHARE THIS NEWS

OTHER NEWS