6 December 2024

နယ်ခြားစောင့် ခြေလျင်တပ်ရင်း ၄ နှင့် မဲဆောက်မြို့နယ်ထဲကထိုင်းရဲအရာရှိတွေ မူ ၃ ဖါ့ဝေါ်ကျေးရွာအုပ်စု မဲဆောက်မြို့နယ် တာခ့်ခရိုင်တွင် မြန်မာနိုင်ငံသား ၅၁ ဦီးကိုဖမ်းဆီးရမိထားကြောင်း မဲဆောက်သတင်းဌာနက ဖော်ပြထားပါတယ်။ အမျိုးသား ၃၄ ဦီးနှင့် အမျိုးသမီး ၁၇ ဦီးပါ။ အထောက်အထားတွေမရှိကြဘူးလို့သိပါတယ်။ ဖမ်းမိထားတဲ့တစ်ယောက်ပြောတာကတော့ သူတို့တွေဒီနေရာကို ကားစီးပြီးလာကြတယ်လို့ ပြောပါတယ်။ ကားနံပါတ်တော့မသိဘူးလို့ပြောပါတယ်။ စမုပရာကန်ခရိုင်နဲ့အခြားသောခရိုင်တွေကလာခဲ့ကြတာပါ။ ပူပေးရွာ (ထိုင်း) ကိုရောက်ရင် မြန်မာဘက်ခြမ်းကိုကူးပြီး အိမ်ပြန်ဖို့လာခဲ့တာပါလို့ပြောပါတယ်။

 

ကနဦီးသိရတာကတော့ မြန်မာနိုင်ငံသား ၅၁ ဦီးမှာ ထိုင်းနိုင်ငံခရိုင်အသီးသီးတွေမှာ အလုပ်လာလုပ်ကြတဲ့သူတွေဖြစ်ကြပါတယ်။ ကိုဗစ်ကူးစက်မှုဖြစ်ပြီနောက်ပိုင်း အလုပ်အကိုင်တွေအဆင်မပြေကြတော့လို့ ပွဲစားနဲ့ငှားပြီး အိမ်ပြန်လာရင်းနဲ့ ထိုင်းဘက်ခြမ်းနယ်စပ်မှာဖမ်းဆီးခြင်းခံလိုက်ရတာဖြစ်ပါတယ်။ ဖမ်းဆီးရမိထားတဲ့ မြန်မာ ၅၁ ဦးကိုတော့၊ ကိုဗစ်ရောဂါရှိ၊ မရှိ၊ စောင့်ကြည့်ရန်အတွက် ကွာရန်တင်းစင်တာမှာသွားထားမှာဖြစ်ပါတယ်။ ထိုနောက်မှာတော့ ခွင့်ပြုချက်မရဘဲ နိုင်ငံခိုးဝင်မှုနဲ့ အရေးယူဆောင်ရွက်သွားမယ်လို့ နယ်မြေခံသတင်းတွေက ဖော်ပါထားပါတယ်။

.

ကိုချစ် ဇွဲကပင်မြေ แม่สอด มีเดีย Thai/Post

SHARE THIS NEWS

OTHER NEWS