ယခင်ကနာမည်ကျော်မင်းသမီးဟောင်း Tai Saitarn Niyomkarn ကသူမရဲ့အမေနေမကောင်းဖြစ်နေကြောင်း ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။ အသည်းနှင့်အဆုတ်စီကိုပြန့်နှံ့တဲ့ကင်ဆာရောဂါဖြစ်ပြီး နောက်ဆုံးအဆင့်ဖြစ်တဲ့အတွက် ICU အခန်းမှာ ရောဂါလက္ခဏာကုသမှုခံယူခဲ့ပါတယ်။
COVID-19 အခြေအနေကြောင့်သူမအမေဆီမပြန်တာ ၂ နှစ်ရှိပါပြီ။ ပြီးတော့ဆရာဝန်နဲ့စကားပြောဖြစ်တယ် အမေ့ကိုအတတ်နိုင်ဆုံးကောင်းအောင်ကုသစေချင်တယ် ကုန်ကျစရိတ်ဘယ်လောက်ကုန်ကုန်ပါ အမေကို ဒီလိုဒုက္ခမျိုးထပ်မခံစားစေချင်ဘူး ။ အခုအခြေအနေက နောက်ဘဝမှာအမေ Taiကိုစောင့်နေပါ Tai အမေကိုအရင်တွေ့ချင်ပါတယ်လို့ဆုတောင်းရမှာပါ။
မကြာသေးမီက၊ မင်းသမီးဟောင်းTaiက စိတ်နှလုံးကြေကွဲဖွယ်ဖြစ်ရပ်တစ်ခုရင်ဆိုင်ခဲ့ရပါတယ်။ Tai ဟာမနေ့ညမှာချင်းမိုင်ခရိုင်ကသူမအမေကိုတွေ့ရန် အလျင်အမြန်ခရီးထွက်ခဲ့ပါတယ်။ ခရီးစဉ်တစ်လျှောက် Tai Saitarn ကသူ့အမေနဲ့တစ်ချိန်လုံး video call ခေါ် ခဲ့ပါတယ်။ ဒါပေမယ့်သူမမနက်မိုးလင်းလို့ဆေးရုံရောက်တဲ့အခါ Tai ကသူ့အမေကို video call ကနေ”ရောက်နေပြီးနောအမေ”လို့ အမေမဆုံးခင်အချိန်လေးမှာပြောခဲ့ပါတယ်။