24 January 2026

ဓာတ်ပုံ One news

 

စက်တင်ဘာ ၂၈ ရက်၊ ၂၀၂၁

 

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်တွင် ထိုင်းတံငါသည်တစ်ဦး ၃၀ ကီလိုဂရမ်ရှိ တန်ဖိုးကြီး ဝေလငါးအန်ဖတ်တွေ့ရှိ၊ ရောင်းချရန်စီစဉ်။

 

ထိုင်းနိုင်ငံတောင်ပိုင်း၊ စူရတ်ဌာနီခရိုင်၊ ချိုင်ယာမြို့နယ်၊ တကရွပ်ကျေးရွာအုပ်စု၊ မူ-၃၊ အမှတ် ၃၅/၆ တွင်နေထိုင်သူ မယောင် (ခေါ်) နရွန် ဖစ်ချရတ် ဆိုသူ ဒေသခံတံငါသည်တစ်ဦးသည် ပင်လယ်ထဲငါးရှာထွက်ရာမှကမ်းသို့ပြန်ကပ်လာစဉ် နိယွမ်သဲသောင်ပေါ်တွင်သောင်တင်နေသည့် ဝေလငါးအန်ဖတ် (ခ) ငါးကြီးအန်ဖတ်(ခ)ပင်လယ်ပယင်း တစ်ခုကိုတွေ့ရှိခဲ့ပြီးနောက် အိမ်သို့ယူပြန်ခဲ့သည်ဟု ဆိုသည်။

 

ထို့နောက် စုန်းခလားခရိုင်၊ ဟတ်ယိုင်မြို့ရှိ စုန်းခလားနခရင်တက္ကသိုလ်၊ ဟတ်ယိုင်တက္ကသိုလ်နယ်မြေသို့ပို့ဆောင်ပြီး ဓာတ်ခွဲစစ်ဆေးချက်အရ ဝေလငါးအန်ဖတ်ဖြစ်သည်ဟု အတည်ပြုနိုင်ခဲ့၍ ထောက်ခံချက်လက်မှတ်ထုတ်ပေးခဲ့သည်ဟု သိရသည်။

 

ကာယကံရှင်က အဆိုပါဝေလငါးအန်ဖတ်ကို ရောင်းချရန်ပြင်ဆင်နေသည်ဟု သတင်းများကဖော်ပြထားသည်။

 

ငါးကြီးအန်ဖတ်သည် (Sperm Whale) မျိုးရင်းဝေလငါး၏အချေးဖြစ်ပြီး ခြောက်သွေ့သွားသည့်အခါ အလွန်ရနံ့မွှေးခြင်းကြောင့် ရေမွှေးထုတ်လုပ်ရာတွင် အဓိကပါဝင်ပစ္စည်းအဖြစ်အသုံးပြုရ၍ တန်ဖိုးကြီး သည်ဟုသိရသည်။

 

ယခင်က စူရတ်ဌာနီခရိုင်ရှိ ထိုင်းတံငါသည်တစ်ဦးသည် အလေးချိန် ၆၄ ကီလိုဂရမ်ခန့်ရှိသည့်ဝေလငါးအန်ဖတ်တစ်ခုကိုတွေ့ရှိခဲ့ပြီး အမေရိကန်ဒေါ်လာ ၃ သိန်းကျော်ဖြင့် ရောင်းချခဲ့သည်ဟုသိရှိရသည်။

 

 

သတင်း ရွှေကရင်(ရာမညမြေ)

SHARE THIS NEWS

OTHER NEWS