10 May 2024

စက်တင်လာ ၂၈ ရက်၊ ၂၀၂၂

.

နိုရူကြောင့်လူပေါင်းသန်းနဲ့ချီထွက်ပြေးတိမ်းရှောင်နေရပြီး၊ ကာဖျူးအမိန့်ထုတ်ပြန်ထားကြောင်းနှင့် သေဆုံးသူရှိကြောင်းသိရ

တိုင်ဖွန်းနိုရူမှာ နှစ်ပေါင်း (၂၀) အတွင်း ဗီယက်နမ်ကို ဝင်ရောက်တိုက်ခတ်သည့် အားအကောင်းဆုံး မုန်တိုင်းတစ်ခုဖြစ်ခဲ့ပြီး မုန်တိုင်းအန္တရာယ်ရှိမှုကြောင့် ဗီယက်နမ်တွင် လေကြောင်းခရီးစဉ် ရာနှင့်ချီ ဖျက်သိမ်းခဲ့ပြီး နိုင်ငံအလယ်ပိုင်းရှိ ပြည်နယ်များတွင် လူဦးရေ ၈ သိန်းလောက်က ရွှေ့ပြောင်းနေခဲ့ရကြောင်း သိရပါတယ်။

စက်တင်ဘာလ (၂၇) ရက် နှောင်းပိုင်းမှာ မုန်တိုင်းနိုရူ၏ လေတိုက်နှုန်းမှာ တစ်နာရီလျှင် (၁၁၃) မိုင်ကျော်ရှိပြီး အနည်းဆုံး လူ (၈) ဦးသေဆုံးကာ ရေကြီးရေလျှံမှု အများအပြား ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

တိုင်ဖွန်းမုန်တိုင်းနိုရူက ဗီယက်နမ်ကုန်းတွင်းပိုင်းကို ဒီကနေ့ စက်တင်ဘာလ (၂၈) ရက်နေ့တွင် ဝင်ရောက်မည်ဖြစ်ပြီး ထို့နောက် အားလျော့သွားကာ ထိုင်းနိုင်ငံကို ဦးတည်ရွေ့လျားသွားမည်ဟုခန့်မှန်းထားတာကြောင့် ထိုင်းကပြည်သူအချို့လဲ ပြောင်းရွှေ့နေထိုင်ကြရပါတယ်။

ယမနေ့ညနေက ဗီယက်နမ်တွင် မုန်တိုင်းတိုက်ခိုက်သွားပြီးတဲ့နောက် နေအိမ်တွေ၊ အဆောက်အဦးတွေ၊ သစ်ပင်တွေနှင့်လျှပ်စစ်မီးတိုင်တွေ အမြောက်အများပျက်စီးနေတဲ့ပုံတွေ လူမှုကွန်ရက်များပေါ်တွင်မြင်တွေ့ခဲ့ရပါတယ်။

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS