9 May 2024

မယ်လဒုက္ခသည်စခန်းမှာရေကြီးရေလျှံပြီမှုဖြစ်ပွား

—————————-

အောက်တိုဘာ ၁၁ ရက်၊ ၂၀၂၁

.

ထိုင်း-မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းမှာ အောက်တိုဘာ ၁၁ ရက် မနက်က မိုးသည်းထန်စွာ ရွာသွန်းပြီးတောင်ကျချောင်းရေကြောင့် ရုတ်တရက် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့တယ်လို့ DVB သတင်းကဖော်ပြထားပါတယ်။

.

မနက်ပိုင်းလောက်က မိုးတွေအရမ်းရွာသွန်းခဲ့တယ်။ ပြီးတော့ တောင်ကျချောင်းရေတွေကြောင့် ရေကြီးရေလျှံပြီး လူနေရပ်ကွက်တချို့မှာ ရေဝင်မှုတွေ ဖြစ်ပွားခဲ့တယ်။ ရေတွေကြီးတဲအထဲမှာ ထိခိုက်ပျက်စီးတာ မကြားရသေးဘူး။ အခု နေ့လယ်ပိုင်းမှာတော့ ရေတဖြည်းဖြည်းချင်း ပြန်ကျနေပြီလို့ မယ်လဒုက္ခသည်စခန်းဥက္ကဋ္ဌက ပြောပါတယ်။ မယ်လဒုက္ခသည်စခန်းဟာ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စန်းတွေထဲက အကြီးဆုံးစခန်း ဖြစ်ပါတယ်။

.

Ref: DVB TV News ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS