6 February 2025

ဂေါတမမြတ်စွာဘုရားပုံကိုတုပြီးဝတ်ဆင်ထားတဲ့

လိင်ပြောင်းအမျိုးသမီးဝေဖန်ခံရ !

 

မနေ့က ကျရောက်တဲ့ Halloween နေ့မှာ ဘာသာတရားကို အကြောင်းပြပြီး ဂေါတမမြတ်စွာဘုရား ပုံတူဝတ်ဆင်ကာ Youtube မှာ Content ဖန်တီးခဲ့တဲ့ ထိုင်းနိုင်ငံသား လိင်ပြောင်းအမျိုးသမီးမိတ်ကပ်ဆရာတစ်ဦးဟာ အပြင်းအထန် ဝေဖန်ခံနေရ ပါတယ်။

 

 

သူဟာ Halloween နေ့မရောက်ခင် တစ်ပတ်လောက်အလိုကတည်းက တမန်တော်ယေရှုပုံတူ၊ ကွမ်ရင်မယ်တော်ပုံတူ၊ အီဂျစ်နတ်ဘုရားပုံတူနှင့် ကာလီမယ်တော် ပုံတူတို့ကို ဝတ်ဆင်ကာ Youtube မှာ Content ဖန်တီးခဲ့ပြီး အောက်တိုဘာလ ၃၁ ရက်နေ့မှာကျရောက်တဲ့ Halloween နေ့မှာတော့ ဂေါတမမြတ်စွာဘုရား ပုံတူဝတ်ဆင်ထားတဲ့ ဗီဒီယိုကို သူ့ရဲ့ ယူကျု့မှာထုတ်လွှင့်ပြသခဲ့တာပါ။

 

 

 

အဲဒီဗီဒီယို ကိုထုတ်လွှင့်ခဲ့ပြီးတာနှင့် တစ်ပြိုင်နက် ဘာသာတရားကို ခုတုံးလုပ်ပြီး Content ဖန်တီးခဲ့တဲ့ အဆိုပါ လိင်ပြောင်းအမျိုးသမီး မိတ်ကပ်ဆရာကို ဗုဒ္ဓဘာသာဝင် ထိုင်းလူမျိုးအများစုက မကျေမနပ်ဖြစ်ခဲ့ကြပါတယ်။

 

ထိုင်းသံဃမဟာနာယကအဖွဲ့ကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ အခုချိန်ထိ ဘာမှတုန့်ပြန်ပြောဆို ခြင်းမရှိသေးပါဘူး၊ ဆက်လက်ပြီး ထိုင်းသာနာရေးဦးစီးဌာနက ဘယ်လိုအရေးယူဆောင်ရွက်သွားမလဲဆိုတာ ဆက်လက်စောင့်ကြည့်ရမှာပါ။

SHARE THIS NEWS

OTHER NEWS