16 February 2026

ပြီးခဲ့သည့် နိုဝင်ဘာ ၁ ရက်နေ့တွင် ခရီးသွားတံခါးဖွင့်ပြီးနောက် ထိုင်းနိုင်ငံသို့အမေရိကန်နိုင်ငံသားအများဆုံးဝင်ရောက်ခဲ့ဟု ထိုင်းရောဂါထိန်းချုပ်ရေးဦးစီးဌာန ထုန်ပြန်။

 

ထိုင်းအစိုးရမှနိုင်ငံတကာခရီးသွားတံခါးဖွင့်ပြီးနောက် နိုဝင်ဘာ ၁ ရက်မှ ၆ ရက်နေ့အတွင်း ထိုင်းနိုင်ငံသို့အမေရိကန်နိုင်ငံသားများ အများဆုံးဝင်ရောက်ခဲ့သည်ဟု ထိုင်းရောဂါထိန်းချုပ်ရေးဦးစီးဌာန ထုန်ပြန်ထားသည်။

 

အများဆုံးဝင်ရောက်ခဲ့သည့် ၁၀ နိုင်ငံတွင် အမေရိကန်နိုင်ငံသား ၂၄၆၅ ဦး၊ ဂျာမနီ ၂၃၃၄ ဦး၊ အင်္ဂလန် ၁၃၇၆ ဦး၊ ဂျပန် ၁၂၅၆ ဦး၊ တောင်ကိုရီးယား ၉၀၆ ဦး၊ ရုရှား ၉၀၅ ဦး၊ ဆွစ်ဇာလန် ၈၃၈ ဦး၊ ဆွီဒင် ၇၂၄ ဦး၊ ပြင်သစ် ၆၉၅ ဦး၊ ယူအေအီး၅၄၂ ဦး အသီးသီးဝင်ရောက်ခဲ့သည်ဟု ဖော်ပြထားသည်။

 

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS