6 February 2026

ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဆိုင်မြို့နယ်တွင် နေရပ်ပြန်လိုသည့်မြန်မာ ၄၁ ဦးကို နှစ်နိုင်ငံတာဝန်ရှိသူများ တရားဝင်လွှဲပြောင်း။

 

ယနေ့ ညနေ ၄ နာရီခွဲအချိန်တွင် နေရပ်ပြန်လိုသည့်မြန်မာနိုင်ငံသား ၄၁ ဦး (အမျိုးသား ၁၈ ဦး၊ အမျိုးသမီး၂၃ ဦး) ကို နှစ်နိုင်ငံနယ်စပ်ကော်မတီ (TBC) ပူးပေါင်းပြီး ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့နယ်၊ မယ်ဆိုင်ကျေးရွာအုပ်စု၊ စန်ဖတ်ဟီကျေးရွာရှိ အမှတ် (၂) တံတား တရားဝင်နယ်စပ်ဝင်ထွက်ဂိတ်မှတဆင့် ပြန်လည်လွှဲပြောင်းခဲ့သည်ဟု TopNorth News သတင်းဌာနမှဖော်ပြထားသည်။

 

ထိုသို့လွှဲပြောင်းပေးရာတွင် မြန်မာနိုင်ငံ တာချီလိတ်ခရိုင်ဘက်မှ မြန်မာစစ်ဘက်အရာရှိများနှင့် လူဝင်မှုကြီးကြပ်ရေးအရာရှိများက လက်ခံကြိုဆိုခဲ့ကြသည်ဟု ဆိုသည်။

 

 

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS