4 May 2024

နိုဝင်ဘာ ၃ ရက်၊ ၂၀၂၂

သာကေတမြို့နယ် အမှတ် ၂၉ အခြေခံမူလတန်းကျောင်းနှင့် ဒဂုံဆိပ်ကမ်းမြို့နယ် ၆၇ ရပ်ကွက်တွင် နိုဝင်ဘာလ ၂ ရက်နေ့ နေ့လည် ၁၂ နာရီလောက်မှာ အစာဆိပ်သင့်မှုဖြစ်ပွားခဲ့ပြီး ကလေး ၆၀ ဦးကျော်ကို ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း Eleven ရုပ်သံပြောကြားချက်အရသိရပါတယ်။

သာကေတမြို့နယ် ဆယ်မြောင်းရပ်ကွက် အမှတ် ၂၉ လမ်းမှာရှိတဲ့ စာသင်ကျောင်းက ကလေးတွေမှာလာရောက်လှူဒါန်းတဲ့ ကြာဇံကြော်ကို စားသုံးမိရာမှ အစာဆိပ်သင့်မှုဖြစ်ပွားခဲ့တယ်လို့ ဖော်ပြချက်ရသိရပါတယ်။

ကြာဇံကြော်ကိုစားသုံးပြီးနောက် ဗိုက်အောင့်ရာကနေ မူးဝေအော့အန်တဲ့လက္ခဏာတွေဖြစ်ပေါ်လာပြီး ကလေး ၂၀ ကျော်ကို ဆေးရုံတင်လိုက်ရတယ်လို့ သိရပါတယ်။

ထို့‌ပြင် ဒဂုံဆိပ်ကမ်းမြို့နယ် ၆၇ ရပ်ကွက်ရှိ ကလေးငယ်များနှင့် စာသင်ကျောင်းတစ်ခုမှ ကလေးများ အစာဆိပ်သင့် လက္ခဏာများဖြင့် ယင်းရပ်ကွက်အတွင်းရှိ အကြင်နာကုသိုလ်ပြုပရဟိတဆေးခန်းသို့ လာရောက်ပြသတာတွေရှိနေကြောင်း သိရပါတယ်။

ဒဂုံဆိပ်ကမ်းမြို့နယ်ဘက်မှာတော့ အသက် ၁၂ နှစ်အောက်နှင့်အထက် ကလေးငယ်များအပါအဝင် လူကြီးအချို့ စုစုပေါင်း ၄၅ ဦးခန့်က အစာဆိပ်သင့်တဲ့ ရောဂါလက္ခဏာနဲ့ ဆေးရုံများသို့ဆောင်ပေးခဲ့ရတယ်လို့ ပရဟိတအဖွဲ့များထံမှသိရပါတယ်။

Ref Eleven News

ဓာတ်ပုံများ-သာကေတလူမှုကူညီရေးအဖွဲ့

SHARE THIS NEWS

OTHER NEWS