26 April 2024

ထိုင်းနိုင်ငံတွင် ပထမဆုံး BA.2 မျိုးစိတ်၊ အိုမီခရွန်မျိုးကွဲ ကိုဗစ်-၁၉ လူနာစတင်တွေ့ရှိဟု ထိုင်းဂျီနိုမ်ဌာနထုတ်ပြန်။

လူနာတစ်ဦး၏သွေးနမူနာကိုရယူပြီး ရာမဓိကတိဆေးရုံ ဂျီနိုမ်ဌာနတွင် Mass Array Genotyping နည်းပညာဖြင့်စစ်ဆေးရာ အိုမီခရွန်မျိုးကွဲ၏ဗီဇပြောင်းမျိုးစိတ်တစ်ခုဖြစ်သော BA.2 ကိုတွေ့ရှိရသည်ဟု သိရပြီးအတည်ပြုနိုင်ရန် Long read, whole genome sequencing နည်းပညာဖြင့်စစ်ဆေးသည့်အဖြေ ကို လာမည့်သတင်းပတ်တွင် သိရှိရမည်ဟု ဂျီနိုမ်ဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

လတ်တလောတွင် ကမ္ဘာတဝှမ်း၌ BA.1၊ BA.2၊ BA.3 စသည့် အိုမီခရွန်မျိုးကွဲ၏မျိုးစိတ်သုံးခုကိုတွေ့ရှိရပြီး BA.1 မျိုးစိတ်မှာကူးစက်မှုအများဆုံးဖြစ်သည်ဟု ယင်းဌာနက ထုတ်ပြန်သည်။

RT-PCR နည်းပညာဖြင့်စစ်ဆေးလျင် BA.2 မျိုးစိတ်နှင့်ဒေလ်တာကို မခွဲခြားနိုင်ခြင်းကြောင့် BA.2 ကို ကိုယ်ပျောက်မျိုးစိတ်(Stealth Variant) အဖြစ် တင်စားထားသည်။ ဗြိတိန်ကျန်းမာရေးဆိုင်ရာလုံးခြုံရေး ရုံး(UKHSA) က BA.2 မျိုးစိတ်ကို လေ့လာစစ်ဆေးရမည့်မျိုးစိတ် (Variant Under Investigation: VUI) အဖြစ် ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်တွင် သတ်မှတ်ထားသည်။

အိုမီခရွန်ထပ်ဆင့်ဗီဇပြောင်းလဲခြင်းကို ဂျီနိုတိုက်စစ်ဆေးသည့်နည်းပညာဖြင့်စစ်ဆေးလျင် ၂၄ နာရီမှ၄၈ နာရီအတွင်းအဖြေသိနိုင်ပြီး မျိုးရိုးဗီဇတစ်ခုလုံးကိုကုဒ်ထုတ်ယူခြင်းထက်အချိန်ကုန်သက်သာသည့်အပြင် BA.1, BA.2,BA.3၊ ဒေလ်တာ၊ အယ်လဖာ၊ ဘေတာ၊ ဂမ်မာ စသည့်မျိုးကွဲများကို တစ်တောင့်တည်းတွင် တခါတည်းစစ်ဆေးနိုင်သည်ဟု ဖော်ပြထားသည်။

ယခင်က BA.2 ကူးစက်မှုကို ဧရိယာအကန့်အသတ်ဖြင့်တွေရှိရသော်လည်း ယခုအခါတွင် ကမ္ဘာတဝန်းBA.2 လူနာ ၁၀,၈၁၁ ဦးအထိရှိလာသည်ဟု ဆိုသည်။ BA.3 မျိုးစိတ်မှာ ၈၆ ဦးသာတွေ့ရှိရပြီး ထိုင်းနိုင်ငံတွင် မတွေ့ရသေးကြောင်း အတည်ပြုထုတ်ပြန်သည်။

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS