10 January 2025

,

မြန်မာ့စပါးအုံ အောင်လအင်ဆန်၏ပြိုင်ပွဲဝင်အသုံးအဆောင်များကိုရောင်းချရမှ ရရှိလာသည့်ကန်ဒေါ်လာ ၄၅,၀၀၀ ကို စစ်ဘေးရှောင်နှင့်အရေးပေါ်လိုအပ်သူများထံ ပြန်လည်လှူဒါန်းမည်။

ကချင်မဟာမိတ်အဖွဲ့ (Kachin Alliance) မှကြီးမှူးကျင်းပခဲ့သည့် မြန်မာ့စပါးအုံ One Championship MMA ဖိုက်တာ အောင်လအင်ဆန်၏ ကိုယ်ပိုင်အသုံးအဆောင်များကို လေလံတင်ရောင်ချပွဲမှ ကန်ဒေါ်လာ ၄၅,၀၀၀ ရရှိခဲ့သည်ဟု သိရသည်။

အဆိုပါလေလံပွဲမှရရှိလာသည့်အလှူငွေအားလုံးကို ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်ဘက်ရှိ စစ်ဘေးရှောင်ပြည်သူများနှင့်အရေးပေါ်လိုအပ်သည့်နေရာများတွင် ကူညီသွားမည်ဟု သိရသည်။

MMA One Championship ၏ သမိုင်းဝင်ပြိုင်ပွဲ ထိုးသတ်ရာတွင် အောင်လအင်ဆန် ဝတ်ဆင်ခဲ့သည့် ဘောင်းဘီ (၂) ထည်နှင့် လက်အိတ်ကို လေလံတင် ရောင်းချ ခဲ့ခြင်းဖြစ်ပြီး ပစ္စည်းတစ်ခုစီအတွက် ကြမ်းခင်းဈေးနှုန်း အမေရိကန် ဒေါ်လာ တစ်သောင်းမှ စတင်လေလံတင်ခဲ့ခြင်းဖြစ်ကာ အမေရိကန်နိုင်ငံ ၊ကယ်လီဖိုးနီး ယားပြည်နယ်(California) ၊ လော့အိန်ဂျယ်လစ်(Los Angeles) မြို့တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သည့် ၂၀၁၇ ခုနှစ် မတ်လကလည်း အောင်လအင်ဆန်၏ ကိုယ်ပိုင်ပစ္စည်း အသုံးအဆောင် လေလံတင်ရောင်းချပွဲအား ရန်ကုန်မြို့တွင် ကျင်းပခဲ့ပြီး လေလံပွဲမှ ရရှိခဲ့သည့် ကျပ်သိန်း (၅၀) ကျော်အား ကချင်ပြည်နယ်က စစ်ဘေးရှောင်များနှင့် ရန်ကုန်မြို့က မိဘမဲ့ဂေဟာများတွင် လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။

SHARE THIS NEWS

OTHER NEWS