3 May 2024

,

လာမယ့် ဇူလိုင် ၁၂ ရက်နေ့မှာ မြို့တော်ဗန်ကောက် ရာဇမင်္ဂလာအားကစားကွင်းအတွင်းကျင်းပသွားမယ့် မန်ယူနဲ့လီဗာပူးအသင်းတို့ရဲ့ပွဲစဉ်အတွက် ဝင်ကြေးလက်မှတ်နှုန်းထား ထွက်ပေါ်လာ။

သရဲနီ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ကြိုးကြာနီလီဗာပူးအသင်းတို့ရဲ့အာရှမြေပေါ်မှာ ထိပ်တိုက် ရှင်ဆိုင်မယ့်သမိုင်းဝင်ပွဲစဉ်ကို Fresh Air Festival ကုမ္ပဏီက ကမကထလုပ်ပြီး လာမည့် ဇူလိုင် ၁၂ ရက်နေ့မှာ မြို့တော်ဗန်ကောက် ရမ်းခမ်ဖဲလမ်းမှာတည်ရှိတဲ့ ရာဇမင်္ဂလာအားကစားကွင်းကြီးမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

THE MATCH Bangkok Century Cup 2022 လို့နာမည်ပေးထားတဲ့ အနီစီးချင်းထိုးပွဲကို ကျင်းပနိုင်ဖို့ အတွက် ထိုင်းခရီးသွားလာရေးနှင့်အားကစားဝန်ကြီးဌာနက နေရာနဲ့ရေခမီးခအပါအဝင် ဘတ် ၁ သန်း ထောက်ပံ့သွားမယ်လို့ ကုမ္ပဏီ    ဥက္ကဋ္ဌကဆိုပါတယ်။

ပွဲကျင်းရေးနဲ့ပတ်သက်ပြီး လာမယ့် မတ်လ ၉ ရက်နေ့၊ ညနေ ၃ နာရီအချိန်မှာ  Siam Paragon ဈေးဝယ် စင်တာ၊ ဖက်ရှင်ဟော၊ ၁ အလွှာမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

လက်မှတ်နှုန်းထားကိုတော့ ဘတ် ၅၀၀၀ ကနေ ၂၅,၀၀၀ အထိသတ်မှတ်ထားပြီး လူတစ်ဦးကို ၄ စောင်သာရောင်းချပေးသွားမယ်လို့သိရပါတယ်။

အစိမ်းရောင်ဇုန်ကို ၅၀၀၀ ဘတ်၊ လိမ္မော်ရောင်ဇုန် ၇၀၀၀ ဘတ်၊ ခရမ်းရောင်ဇုန် ၁၂၀၀၀ ဘတ်၊ မိုးပြာရောင်ဇုန် ၁၅၀၀၀ ဘတ်၊ အနီရောင်ဇုန် ၂၀၀၀၀ ဘတ်၊ အပြာရောင်ဇုန် ၂၂၀၀၀ ဘတ်၊ ပန်းရောင်ဇုန် ၂၅၀၀၀ ဘတ် အသီးသီးသတ်မှတ်ထားပါတယ်။

ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS