9 May 2024

လူကုန်ကူးသူတွေက အလုံပိတ်ကားတွေထဲမှာ မြန်မာတွေကိုထည့်ပြီးခေါ်လာတာမျိုးတွေ ဟင်းသီးဟင်းရွက်ကားတွေထဲမှာဖွက်ပြီးသယ်ဆောင်လာတာမျိုးတွေရှိလာ

 

 

မြန်မာ-ထိုင်းနယ်စပ်ခရိုင်တွေမှာ တရားမ၀င်မြန်မာနိုင်ငံသားတွေ နေ့စဥ် ရာနဲ့ချီဖမ်းမိနေတယ်လို့ ထိုင်းသတင်တွေမှာဖော်ပြထားပါတယ်။ အစုအပြုံလိုက်ဖမ်းမိတဲ့မြန်မာနိုင်ငံသားတွေမှာ ဖေဖော်၀ါရီလ ၂၈ ရက်ကနေ မတ်လ ၁ ရက်အထိ ၂ ရက်အတွင်း လူ ၂၀၀ ကျော်ဖမ်းမိတယ်လို့ ဗွီအိုအေ ကွင်းဆင်းသတင်းယူနေတဲ့ သတင်းထောက်တွေကပြောပါတယ်။

 

 

လက်ရှိမြန်မာနိုင်ငံမှာ နိုင်ငံရေးစီးပွားရေး မတည်ငြိမ်မူတွေ အလုပ်အကိုင်ရှားပါးနေတာကြောင့် မြန်မာတွေထိုင်းမှာ အလုပ်တစ်ခုရဖို့ နေ့စဉ်ရာနဲ့ချီပြီး ဝင်ရောက်ကာ ထိုင်းနိုင်ငံဘက်ကလည်း အထောက်အထားမဲ့မြန်မာတွေကိုနေစဉ်ဖမ်းဆီးနေတာပါ။

 

 

လူကုန်ကူးသူတွေက အလုံပိတ်ကားတွေထဲမှာ မြန်မာတွေကိုထည့်ပြီးခေါ်လာတာမျိုးတွေ ဟင်းသီးဟင်းရွက်ကားတွေထဲမှာဖွက်ပြီးသယ်ဆောင်လာတာမျိုးတွေရှိပြီး ဒီ၂ရက်အတွင်းမှာ လူဦးရေ ၂၀၀ လောက်ဖမ်းဆီးခံရတယ်လို့ အလုပ်သမားအရေးလုပ်နေသူတွေထံက သိရပါတယ်။

ဖမ်းဆီးခံရတဲ့မြန်မာတွေကို ထိုင်းဘက်က ကိုဗစ်ကပ်ရောဂါပိုးရှိမရှိစစ်ဆေးခဲ့ရာမှာ တချို့က ကိုဗစ်ကူးစက်မူတွေရှိနေတာကြောင့် စောင့်ကြည်ရေး စင်တာပို့ရတာတွေရှိနေပါတယ်။ ၂၀၂၂ ခုနှစ် နှစ်စကစပြီး ဒီ ၂ လအတွင်း ဖမ်းမိတဲ့မြန်မာနိုင်ငံသားအရေအတွက် တသောင်းဝန်းကျင်ရှိနေပါတယ်။ အဖမ်းအဆီးတွေများနေပေမယ့် လူကုန်ကူးသူတွေခေါ်လာတဲ့မြန်မာနိုင်ငံသားတွေအစုလိုက်အပြုံလိုက်ဖမ်းမိနေပါတယ်။

Ref : ဗွီအိုအေ

ကိုချစ် (ဇွဲကပင်မြေ)

#MyanmarliveTH #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #BKK #Covid19TH #Andrew_KC

SHARE THIS NEWS

OTHER NEWS