28 April 2024

ယခုနှစ်ထိုင်းသင်္ကြန်ပွဲတော်ကို ကိုဗစ်-၁၉ အစီအမံအောက်တွင်ကျင်းပခွင့်ပြုမည်ဖြစ်ပြီး ခရိုင်ဖြတ်ကျော်ခရီးသွားလာခွင့်ပြုမည်ဟု ရောဂါထိန်းချုပ်ရေး ညွှန်မှူး ဆို။

ယခုနှစ်ထိုင်းသင်္ကြန်ရေသဘင်ပွဲတော်ကို ကျင်းပခွင့်ပြုမည်ဖြစ်ပြီး လွတ်လပ်စွာခရိုင်ဖြတ်ကျော်ခရီးသွားလာခွင့်ပြုမည်ဖြစ်ကာ ကိုဗစ်-၁၉ အစီအမံများကိုလိုက်နာဆောင်ရွက်ရမည်ဟု ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာန၊ ရောဂါထိန်းချုပ်ရေးဉီးစီးဌာန၊ရောဂါဖြစ်နိုင်ခြေနှင့်ကျန်းမာရေးအလေ့အထမြှင့်တင် ရေး ပြန်ကြားရေးညွှန်ကြားရေးမှူး ဒေါက်တာ သုမဏီ ဝတ်ချရစင်း က ယနေ့ (၇-၃-၂၀၂၂) ကိုဗစ်-၁၉ ဆိုင်ရာ သတင်းပြန်ကြားစဉ် ပြောကြားခဲ့သည်။

ထိုင်းရောဂါထိန်းချုပ်ရေးဉီးစီးဌာနက သင်္ကြန်ပိတ်ရက်ရှည်နှင့်ပတ်သက်သည့် ရောဂါထိန်းချုပ်ရေး အစီအမံများကို လာမည့် မတ်လ ၁၈ ရက်နေ့တွင် ထိုင်းကိုဗစ်-၁၉ ဗဟိုဌာနထံအဆိုပြုတင်ပြသွားမည်ဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊ ခရီးသွားလာရေးနှင့်အားကစားဝန်ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ထိုင်းရဲတပ်ဖွဲ့ စသည့်ဌာန ၆ ခုက သုံးသပ်ပြီး သဘောထားမှတ်ချက်ထုတ်ပြန်သွားမည်ဟု သူမ ကဆိုသည်။

ပလာတူး

SHARE THIS NEWS

OTHER NEWS