3 May 2024

မတ် ၁၅ ရက်၊ ၂၀၂၂

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်က နေအိမ် ၁၀၀ ခန့်မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးထံက သိရပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မတ်လ ၅ ရက်မှစ၍ ရွာထဲကိုဝင်ရောက်လာပြီး ၈ ရက်အတွင်းနေအိမ် ၁၀၀ ခန့်ကိုမီးရှို့သွားတဲ့အပြင် ပြည်သူ ၃ ဦးကိုလဲ သတ်သွားတယ်လို့ ခေတ်သစ်က ဖော်ပြထားပါတယ်။

အဲဒီရက်တွေမှာ စစ်ကောင်စီအင်အား၂၀၀ ခန့် ကျေးရွားများအတွင်း ဝင်ရောက်ပြီး၊ ဒါန်းကုန်းကျေးရွာ၊ မှန်တောကျေးရွာ၊ ကျွန်းလယ်ကျေးရွာ၊ သက်ပေးကျေးရွာများရှိ ပြည်သူများ နေအိမ်ကို မီးရှို့ဖျက်ဆီးသွားတာဖြစ်ပါတယ်။

မတ်လ ၅ ရက်နေ့က ဒါန်းကုန်းကျေးရွာရှိနေအိမ် ၄၃ လုံး၊ မှန်တောကျေးရွာရှိ နေအိမ် ၃၈ လုံး၊ မတ်လ ၆ ရက်နေ့မှာတော့ ကျွန်းလယ်ကျေးရွာက CDM ဝန်ထမ်းအိမ်အပါအဝင် နေအိမ် ၂ လုံးနှင့် မတ်လ ၈ ရက်နေ့တွင် ယာစောင့်တဲ ၅ လုံးနဲ့ သက်ပေးကျေးရွာက နေအိမ် ၁၃ လုံးမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးဖော်ပြချက်အရ သိရပါတယ်။

ထို့ပြင် ရွာပေါင်း၂၀ ဝန်းကျင်မှ ပြည်သူပေါင်း ထောင်နှင့်ချီစစ်‎ဘေးရှောင်နေကြရပါသေးတယ်။ စစ်ကောင်စီကြောင့် ခင်ဦးမြို့နယ်တွင်း အိုးအိမ်မဲ့သွားသော စစ်ဘေးသင့်ပြည်သူများစွာ ရှိနေပြီး နေစရာ၊ဆေးဝါးအပြင်အစားအစာအတွက်ပါ ခက်ခဲနေပြီး လှူဒါန်းလိုသူများ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးမှ တစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။

Ref: Khit Thit Media

SHARE THIS NEWS

OTHER NEWS