29 April 2024

မတ်လ ၁၇ ရက်၊ ၂၀၂၂

.

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ တိုက်နယ်အမှတ် ၅ ဘက် စမ္မသား၊ စံအိမ်နူးကျေးရွာနဲ့ အနီးတဝိုက် ကျေးရွာတွေမှာ အခုရက်ပိုင်းအတွင်း နေ့စဉ်ဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေပြီး၊ ဒေသခံ ၉၀၀ လောက် တောတောင်တွေထဲ ထွက်ပြေးပုန်းအောင်းနေရပါတယ်။ ထွက်ပြေး တိမ်းရှောင်နေရတဲ့ သူတွေထဲမှာ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေ၊ နာမကျန်းသူတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ ပါဝင်ပြီး အခုလို ပုန်းအောင်းနေရတာ ရက်အနည်းငယ်ကြာမြင့်နေပြီလို့ သိရပါတယ်။

.

သူတိုတွေဟာ တောတောင်ထဲမှာ အစာရေစာ ပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေရပြီး တိုက်ပွဲတွေ ဘယ်လောက်ကြာမယ်ဆိုတာ မခန့်မှန်းနိုင်တာကြောင့် နေထိုင် စားသောက်ရေးနဲ့ ကျန်းမာရေးအတွက် ဆေးဝါးတွေ လိုအပ်နေတဲ့အတွက် စစ်ရှောင်တွေကိုအကူအညီပေးကြဖို့ ကန်ပက်လက်မြို့နယ် ကြက်ခြေနီအသင်းရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ မတ်လ ၁၆ ရက်နေ့က ဖော်ပြထားပါတယ်။

.

Ref: DVB News

SHARE THIS NEWS

OTHER NEWS