9 May 2024

,

ချန်ပီယံမဟုတ်ပေမဲ့ ရေပန်းစားနေတဲ့ တောင်ကိုရီးယားဂေါက်လောကအလှပဂေး အန်စိုယွန်။

ပြည်တွင်းမှာရော ပြည်ပပြိုင်ပွဲတွေမှာပါ ချန်ပီယံဆုဆွတ်ခူးနိုင်ခြင်းမရှိပေမဲ့ တောင်ကိုရီးယားဂေါက်လောကရဲ့နတ်သမီးလို့တင်စားခံထားရတဲ့ အန်စိုယွန် ဟာ သူမရဲ့ရူပဂုဏ်ကြောင့် ပရိသတ်တွေကြားမှာ အမြဲလိုလိုစိတ်ဝင်စားမှုခံရတဲ့ အားကစားမယ်တစ်ဦး ဖြစ်ပါတယ်။

အသက် ၂၆ နှစ်အရွယ် ဂေါက်မယ်ဟာ ၁၆၇ စင်တီမီတာအရပ်ကိုပိုင်ဆိုင်ထားပြီး သူမရဲ့ကောက်ကြောင်းအလှကြောင့် ပြီးခဲ့တဲ့ ၃-၄ နှစ်ကတည်းက ရေပန်းစားလာခဲ့တာ ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်ကတည်းက တောင်ကိုရီးယား KLPGA ဂေါက်လောကကိုခြေချခဲ့တဲ့သူမဟာ ယခုအချိန်ထိချိန်ပီယံဆုဆွတ်ခူးထားနိုင်ခြင်းမရှိသေးပေမဲ့ ပေါ်လွင်တဲ့ရုပ်ရည်ကြောင့် ချန်ပီယံနည်းတူ နာမည်ကြီးနေတာဖြစ်ပါတယ်။

ချန်ပီယံမဖြစ်ဖူးပေမဲ့ အကောင်းမြင်စိတ်မွေးပြီး စိတ်ဓာတ်မကျဘဲ အစွမ်းကုန်ကြိုးစားနေတယ်လို့သူမဆိုပါတယ်။

ငယ်ရွယ်စဉ်က ဂီတဘက်ကိုဝါသနာထုံတဲ့သူမဟာ ဖခင်ဖြစ်သူရဲ့လမ်းညွှန်မှုကြောင့် ဂေါက်ကစားကြည့်ရာကနေ စွဲလမ်းခဲ့တာဖြစ်ပါတယ်။

သူမကို အားပေးချင်တဲ့ဂေါက်ပရိသတ်တွေအတွက် ahn_so__1  အင်စတာဂရမ်ကို စောင့်ကြည့်နိုင်ပါတယ်။

ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS