5 May 2024

,

သရုပ်ဆောင်ဒေါင်းဟာ တိုင်းပြည်အတွက်လိုအပ်နေတဲ့ နေရာတွေမှာ ကူညီနိုင်ဖို့ သူ့အနုပညာလက်ရာတွေကို ရောင်းချတဲ့အစီအစဉ်ပြုလုပ်ရန်စီစဉ်ခဲ့ပါတယ်။

“ဒီ page လေးကိုကျွန်တော်စတင်ရတဲ့ရည်ရွယ်ချက်က ကျွန်တော်တတ်ကျွမ်းတဲ့ ၊ဝါသနာပါတဲ့ အနုပညာလေး တွေနဲ့ ကျွန်တော်တို့ တိုင်းပြည်အတွက်လို အပ်နေတဲ့တထောင့်တနေရာလေးမှာ အုတ်တချပ်သဲတပွင့်အနေနဲ့ပါ ဝင်ကူညီဖို့ရည်ရွယ်ပါတယ်။ ဒီ page မှာကျွန်တော့်လက်ရာ Art တွေနဲ့ ဖန်တီးထားတဲ့ အမှတ်တရ ပစ္စည်းလေးတွေကိုရောင်းပါမယ်။ ပစ္စည်းရောင်းရငွေအားလုံးရဲ့ 100% အမြတ်တွေကို ကျွန်တော်တို့ နိုင်ငံအတွက်လိုအပ်နေတဲ့နေရာတွေကိုလှူဒါန်းမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှရော နိုင်ငံအသီးသီးမှာ ရောက် ရှိနေ ကြသော မြန်မာနိုင်ငံသားညီအစ်ကိုမောင်နှမများအားလုံး တို့ခင်ဗျား ကျွန်တော်တို့နိုင်ငံဒုက္ခရောက်နေချိန်မှာ ပုံမှန်အသုံးပြုနေကျပစ္စညိးလေးများကို အလှူပစ္စည်းလေးများဖြင့် အစားထိုးသုံးစွဲရင်း အတူတကွလှူဒါန်းကြရ အောင်ဗျ” ဆိုပြီးတော့ သရုပ်ဆောင်ဒေါင်းက ပေ့ချ်မှာ ရေးထားပါတယ်။

သရုပ်ဆောင်ဒေါင်းဖန်တီးထားတဲ့ အနုပညာလက်ရာတွေကို ကြည့်ရှုပြီးအားပေးချင်တယ်ဆိုရင် https://www.facebook.com/Daung-Arts-Corner-100499345965348/ ပေ့ချ်ကို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

SHARE THIS NEWS

OTHER NEWS