ကော့ကရိတ်-မြဝတီ အာရှလမ်းနဲ့ မြဝတီ-ဝေါ်လေ လမ်းပိုင်းပိတ်လိုက်တဲ့ ထုတ်ပြန်ချက်ဟာ ပြန်လည်ပယ်ဖျက်တဲ့ထုတ်ပြန်ကြေညာ မထုတ်မပြန်မချင်း အတည်ဖြစ်နေမည်
ကော့ကရိတ်-မြဝတီ၊ အာရှလမ်းမကြီး၊ ဆိတ်ဖူးတောင်အနီးမှာ ဧပြီ ၄ ရက် မနက် ၇ နာရီလောက်ကစတင်ကာ စစ်ကောင်စီနဲ့ KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲတွေ ပြင်းထန်နေပြီး ခရီးသည်တင်မှန်လုံယာဉ်တွေအပါအဝင် ကား ၄ စီး မီးရှို့ခံလိုက်ရပါတယ်။
အာရှလမ်းကို မော်တော်ယာဉ်တွေ ဖြတ်သန်းသွားလာတာတွေ မပြုလုပ်ဖို့ ကေအန်ယူက မတ်လ ၂၆ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ နိုင်ငံပိုင်သတင်းဌာနတွေက ပုံမှန်သွားလာလို့ရပြီဆိုတဲ့ သတင်းမှားကြောင့် အခုလို မီးရှို့ခံရတာလို့ DVB ကဖော်ပြထားပါတယ်။
ဒါအပြင် ကော့ကရိတ်-မြဝတီ အာရှလမ်းနဲ့ မြဝတီ-ဝေါ်လေ လမ်းပိုင်းပိတ်လိုက်တဲ့ ထုတ်ပြန်ချက်ဟာ ပြန်လည်ပယ်ဖျက်တဲ့ ထုတ်ပြန်ကြေညာ မထုတ်မပြန်မချင်း အတည်ဖြစ်တယ်လို့ ဆိုပါတယ်။
Ref: DVB News