26 April 2024

တာ့ခ်ခရိုင် မယ်လမမြို့နယ်ရဲစခန်းက သေနတ် ၇ လက်ကိုစာတိုက်တစ်ခုမှာသိမ်းဆည်းရမိထားတယ်လို့ မဲဆောက်သတင်းဌာနတွေကဖော်ပြထားပါတယ်။ စာတိုက်ကို ရောက်ရှိလာတဲ့ ပါဆယ်ထုပ်ကြီးတွေကို စာတိုက်ဝန်ထမ်းတွေက မသင်္ကာလို့ ရဲစခန်းထံအကြောင်းကြားခဲ့လို့ ယခုလိုဖမ်းမိတာဖြစ်ပြီး၊ ပစ္စည်းပို့သူအမည်နဲ့လက်ခံသူအမည်ပါ ၄င်းပါဆယ်ထုတ်မှာရေးထားတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

 

 

ပါဆယ်ထုပ်ကြီးကို ပို့လာတဲ့တည်နေရာကတော့ ဖရာ့ခနုန််ခရိုင် ခလောင်တေးမြို့နယ် ဗန်ကောက်မြို့လို့သိရပါတယ်။ ပို့ပေးတဲ့နေရာကတော့ မယ့်အုစုကျေးရွာအုပ်စု ထာ့ယောင်ယမ်မြို့နယ်ဖြစ်ပါတယ်။ ပါဆယ်ထုပ်ကြီးကိုဖွင့်ကြည့်လိုက်တော့ အထဲမှာ AK 5 လက်နဲ့ကျည်ဆံ ၅ ထုပ်ကိုတွေ့ခဲ့ပါတယ်။

 

 

ထိုနောက် ထိုင်းရဲတွေက ပစ္စည်းတွေကိုဖမ်းမိပြီနောက် နေရပ်လိပ်စာမှာပါတဲ့ မယ့်အုစုကျေးရွာအုပ်စု ထာ့ယောင်ယမ်မြို့နယ်ရှိ နေအိမ်တစ်လုံးကိုသွားရောက်စစ်ဆေးမှုပြုလုပ်ခဲ့တယ်။ အဲဒီအိမ်ထဲမှာလဲ ပစ္စတိုသေနတ် ၄ လက် အရှည် ၁ လက်နဲ့ သံသယရှိတဲ့ လူ ၃ ဦးကိုလဲ ဖမ်းဆီးထားပါတယ်။ တာ့ခ်ခရိုင် မယ်လမနယ်မြေအတွင်းမှာ သေနတ် ၁၂ လက်နဲ့ကျည်ဆံတွေကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ မဲဆောက်သတင်းဖော်ပြချက်အရ သိရပါတယ်။

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS