ထိုင်းနိုင်ငံအတွင်း အဓိကဘဏ်များဖြစ်တဲ့ Siam Commercial Bank / Kasikorn Bank / Krung Thai Bank / Bangkok bank / Government Savings Bank ဘဏ်ကြီး ၅ ခုကို ၈ ရက်နေ့မှ ၁၀ ရက်နေ့ထိ စနစ်ပြုပြင်ထိန်းသိမ်းမှု ပြုလုပ်ရန် ယာယီပိတ်ထားမှာဖြစ်ကြောင်း ကြေညာထားခဲ့ပါတယ်။
Mobile Banking စနစ်ကို ပြန်လည်ပြုပြင်မှာဖြစ်တဲ့အတွက် ဖုန်းအက်လီကေးရှင်းမှ ငွေလွှဲ / ငွေထုတ် ဘဏ်ရုံးတွင် Mobile Banking ပြုလုပ်ခြင်းတို့ကလွဲလို့ ဘဏ်ကတ် (ATM) ဖြင့် ငွေထုတ်ခြင်း ဘဏ်ရုံးများတွင် ဝန်ဆောင်မှုပေးခြင်းတို့ကိုတော့ ပုံမှန်အတိုင်း ဝန်ဆောင်မှုပေးနေဦးမှာဖြစ်ပါတယ်။
စနစ်ပြုပြင်ထိန်းသိမ်းမှု ပြုလုပ်ရန်ဘဏ်ပိတ်ချိန်များ
Siam Commercial Bank (ထိုင်းဖာနစ်)
၂၀၂၂ ဧပြီလ ၈ ရက် သောကြာနေ့ ၂၃:၀၀ – ၂၄:၀၀ နာရီ
၂၀၂၂ ဧပြီလ ၉ ရက် စနေနေ့ ၀၀:၀၀ – ၀၆:၀၀ နာရီ
Bangkok bank (ဘန်ကောက်ဘဏ်)
၂၀၂၂ ဧပြီလ ၉ ရက် စနေနေ့ ၀၂:၀၀ – ၀၇:၀၀ နာရီ
Krung Thai Bank (ကရုန်ထိုင်းဘဏ်)
၂၀၂၂ ဧပြီလ ၉ ရက် စနေနေ့ ၀၀:၄၀ – ၀၆:၁၀ နာရီ
Kasikorn Bank (ကစီကွန်ဘဏ်)
၂၀၂၂ ဧပြီလ ၉ ရက် စနေနေ့ ၀၂:၃၀ – ၀၈:၀၀ နာရီ
Government Savings Bank (အွန်စင်ဘဏ်)
၂၀၂၂ ဧပြီလ ၁၀ ရက် တနင်္ဂနွေနေ့ ၁၂:၀၀ – ၁၅:၀၀ နာရီ