3 May 2024

,

Jackson Wang သည်ပြိုင်ပွဲမစခင် ၁နာရီအလိုတွင် သီဆိုဖျော်ဖြေသွားမှာဖြစ်ပါတယ်။

အာရှတိုက်ရဲ့ ပထမဆုံးသော သမိုင်းဝင်ဘောလုံးပြိုင်ပွဲ THE MATCH BANGKOK CENTURY CUP 2022 Manchester United vs Liverpool FC ပွဲစဥ်ကို ဇူလိုင်လ ၁၂ရက်နေ့ ၂၀၂၂ တွင် ထိုင်းနိုင်ငံ Rajamangala အမျိုးသားအားကစားကွင်း၌ ကျင်းပ

သွားမှာဖြစ်ပါတယ်။

အားကစားသမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် K-POP+C-POP GOT7 အဖွဲ့ဝင် နာမည်ကြီးအနုပညာရှင် Jackson Wang က အသင်းနှစ်သင်းဖြစ်တဲ့ မန်ယူနဲ့ လီဗာပူးတို့ ပွဲမစခင်မှာ ဖျော်ဖြေပေးသွားမှာြဖစ်ပါတယ်။Fresh Air Festival Co.,Ltd မှ စီစဉ် ကျင်းပသော Bangkok Century Cup 2022 ပြိုင်ပွဲကို ဘောလုံးပရိသတ်များအပြင် နှစ်သင်းလုံးရဲ့ဘောလုံးပွဲအငွေ့သက်များကိုခံစားနိုင်မည်ဖြစ်ပါတယ်။

Jackson Wang သည် GOT7 အဖွဲ့ဝင်တစ်ဦးဖြစ်သည့်အပြင် ကျော်ကြားသော လက်ရာများစွာဖြင့် တစ်ကိုယ်တော်အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။ မကြာသေးမီက 88rising ကပြုလုပ်ကျင်းပတဲ့ ကမ္ဘာ့အဆင့်မီ ဂီတ Coachella ရှိုးပွဲမှာ အနုပညာရှင်များစွာနဲ့အတူ ဖျော်ဖြေခဲ့ပါသေးတယ်။

SHARE THIS NEWS

OTHER NEWS