28 April 2024

ဇူလိုင် ၈ ရက်၊ ၂၀၂၂

ဇူလိုင်လ ၁ ရက်နေ့မှစ၍ မော်ချစ်ဂိတ် ကားလက်မှတ်များရွှေပြောင်းလုပ်သားတွေကို ရောင်းချပေးပြီဟု လူမှုကွန်ရက်တွေပေါ်မှာ ဖြန့်ဝေနေကြတာကိုတွေ့ရပါတယ်။

ထိုသတင်းထွက်ပေါ်လာပြီးနောက် Myanmar live အနေနဲ့ မော်ချစ်ဂိတ် Call center နံပါတ်ဖြစ်တဲ့ ၁၄၉၀ ကိုဆက်သွယ်မေးမြန်ကြည့်တော့ ရွှေ့ပြောင်းလုပ်သားတွေကို ကားလက်မှတ်ရောင်းပေးတဲ့သတင်းကိုတော့ ဖြေကြားနိုင်ခြင်းမရှိခဲ့ပါ။

ဗန်ကောက်မြို့ရှိ မော်ချစ်ဂိတ် ကားလက်မှတ်ရောင်းပေးနေတဲ့ဌာနတွေကို သွားရောက်စုံစမ်းတော့ ထိုင်းနိုင်ငံမြောက်ပိုင်း နယ်စပ်ခရီးစဥ်တွေကို အလုပ်သမားဗီဇာကိုင်ဆောင်ထားတဲ့ သူတွေကိုတော့ ရောင်းချမပေးသေးလို့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

“ရောင်းချမပေးသေးပါဘူး၊ ဘယ်တော့ရောင်းချပေးမှာလဲဆိုတာကိုလဲပြောလို့မရသေးဘူး၊ ဝန်ကြီးဌာနတွေအမိန့်ချမှ ပြောလို့ရမယ်။ ဒီမှာကတော့ ပေါ်လစီအတိုင်းသွားနေတာ အမိန့်မရရင် ရောင်းပေးလို့တော့မရဘူးပေါ့၊ အလည်ဗီဇာတွေတော့သွားနေတာတွေ့ရတယ်။ ဒါပေမဲ့ အလုပ်သမားတွေဆိုရင်တော့ မရသေးဘူး၊ ဘာကြောင့်လဲဆိုတာတော့ ကျနော်လဲမသိဘူးပေါ့၊ အဲဒါကြောင့် ကျနော့အနေနဲ့ လက်မှတ်ရောင်းပေးမယ့်ကိစ္စကိုတော့ ဖြေပေးလို့မရသေးဘူး” လို့ ဗန်ကောက်မြို့ရှိ မော်ချစ်ဂိတ် information ဌာနက တာဝန်ရှိသူတစ်ဦးက Myanmar Live ကိုပြောပါတယ်။

ကိုဗစ်၁၉ ကူးစက်မှုဖြစ်ပွားပြီးကတည်းက အလုပ်လုပ်တဲ့စာအုပ်အမျိုးအစားကို ကိုင်ဆောင်ထားတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ ၂ နှစ်ကျော်အကြာ အသွားလာခွင့်ကန့်သတ်ခံခဲ့ရပါတယ်။ ထိုနောက် ၂၃ ရက် ဇွန်လ ၂၀၂၂ လောက်မှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရွှေ့ပြောင်းလုပ်သားတွေကို ခရိုင်ဖြတ်ကျော်သွားလာခွင့်ဖြေလျှော့ပေးထားပေမယ့် အဝေးပြေးတဲ့ ကားလက်မှတ်တွေကို ထိုင်းနိုင်ငံသားနဲ့ အလည်ဗီဇာကိုင်ဆောင်သူတွေကိုသာ ရောင်းချပေးနေပြီး၊ အလုပ်သမားတွေကို ရောင်းချမပေးသေးပါဘူး။

ကားလက်မှတ်ရောင်းပေးနေတဲ့ အခန်းနံပါတ် ၂၆ ကအမျိုးသမီးတစ်ဦးမေးကြည့်တော့ ” ရွှေ့ပြောင်းလုပ်သားတွေကို ရောင်းချမပေးသေးဘူးနော်၊ အထက်ကအမိန့်တွေစောင့်ရမယ်။ သွားချင်ဆိုရင် သံရုံးထံကစာရွက်စာတမ်းပါမှရမယ်။ လမ်းမှာအစစ်ဆေးတော့များမယ်” လို့ အစိုးရဘက်က ကားလက်မှတ်တွေရောင်းချပေးနေတဲ့ ထိုင်းအမျိုးသမီးကလို့ပြောပါတယ်။

မြန်မာလို “မဲဆောက်” ဟုရေးထားပြီး ကားလက်မှတ်ရောင်းပေးနေတဲ့ အခန်းနံပါတ် ၉ ပုဂ္ဂလိကဌာနက ထိုင်းအမျိုးသမီးတစ်ဦးကိုမေးကြည့်တော့ “မဲဆောက်ဆင်းဖို့လာ နယ်ဂိတ်တွေတော့မဖွင့်သေးဘူးနော်၊ အထောက်အထားပြည့်စုံရင်တော့ လက်မှတ်ရောင်းပေးနေတယ်။ ဟိုဘက်ကိုရောက်ရင်တော့ တာဝန်မယူဘူးပေါ့၊ စျေးနှုန်းကတော့ ၅၄၂ ဘတ်ပဲ” ဟု Myanmar Live ပြောပါတယ်။

ဗန်ကောက်မြို့ရှိ မော်ချစ်ဂိတ် အဝေးပြေးလက်မှတ်တွေကိုရောင်းချပေးတဲ့နေရာက အစိုးရနဲ့ ပုဂ္ဂလိကဖက်စပ်လုပ်ငန်းတွေဖြစ်ပါတယ်။ အစိုးရဌာနတွေဘက်က လက်မှတ်ရောင်းမပေးသေးပေမယ့်၊ ပုဂ္ဂလိကဌာနတွေဘက်ကတော့ ရောင်းချပေးနေပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံမြောက်ပိုင်းက နယ်စပ်ဂိတ်တွေ မဖွင့်သေးတော့ ယခင်ကနေစဥ့်မြန်မာတွေခရီးသွားမပြတ်ဖြစ်နေတဲ့ မော်ချစ်ဂိတ်က ကိုဗစ်၁၉ ဖြစ်ပွားပြီးနောက်ပိုင်း မရှိတော့တာတွေ့ရပါတယ်။

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS