2 May 2024

လွန်ခဲ့သော ဧပြီလ ၁၆ ရက်နေ့ (၂၀၂၃) မွန်းလွဲ ၃ နာရီဝန်းကျင်တွင် ခမောက်ကြီးမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် မြန်မာနိုင်ငံသား ၃၀၀ ဦးခန့် ထိုင်းဘက်ကိုစစ်ဘေးရှောင်လာပြီး ဧပြီလ ၁၇ ရက်နေ့တွင် နေရပ်ပြန်ပို့ခဲ့သည်ဟု ရနောင်းအသံလွှင့်ဌာန က ဖော်ပြထားသည်။

ဧပြီလ ၁၆ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ခမောက်ကြီးမြို့နယ်၊ ရေပူကျေးရွာအနီးတွင် တိုက်ပွဲ ဖြစ်ပွားရာက ပြည်သူ့စစ် (ပျူ) ၂ ဦး သေဆုံးခဲ့ပြီး မြန်မာပြည်သူ ၃၀၀ ဦးခန့်က ထိုင်းနိုင်ငံ ရနောင်းခရိုင်၊ ကရာဘူရီမြို့နယ်၊ နမ်းကျူကျေးရွာအုပ်စု၊ ဟွားထနွန်းကျေးရွာအနီးတွင် စစ်ဘေးရှောင်လာကြသည်ဟု ဖော်ပြထားသည်။

 

 

စစ်ဘေးရှောင်လာသော မြန်မာပြည်သူများကို ခရိုင်ထွေအုပ်နှင့်လုံခြုံရေးတပ်ဖွဲ့များက လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ ပေးအပ်ခဲ့သည်ဟု ဖော်ပြထားသည်။

ထို့နောက် ဧပြီလ ၁၇ ရက်နေ့တွင် တိုက်ပွဲအေးချမ်းသွားပြီဟု ရေပူကျေးရွာအုပ်ချုပ်ရေးမှူးက ထိုင်း လုံခြုံရေးတပ်ဖွဲ့အကြောင်းကြားလာပြီး စစ်ဘေးရှောင်ပြည်သူများကို မနက် ၆ နာရီအချိန်မှစပြီး ပြန်လည်လက်ခံပေးခဲ့ကာ မနက် ၉ နာရီဝန်းကျင်တွင် လွှဲပြောင်းလုပ်ငန်းပြီးစီးသည်ဟု ဆက်လက် ဖော်ပြထားသည်။

 

 

ထိုင်းနယ်ခြားစောင့်တပ်များက နယ်စပ်တလျှောက်တွင် လုံခြုံရေးတင်းကျပ်ထားသည်ဟု သိရှိရသည်။

Photo : สวท.ระนอง FM 107.25 MHz

SHARE THIS NEWS

OTHER NEWS