6 February 2025

,

၂လပိုင်း ၂၄ ရက် ၂၀၂၂ ခုနှစ်တွင် သတင်းထောက်များကဖော်ပြခဲ့ပါတယ်။ ပြည်တွင်းရော ပြည်ပမှာပါ ထီဝါသနာရှင်တွေအတွက် ဖရာအို မယ်ချိုင်ခရိုင် Nong Leng Sai အနီးတွင် ရှိသော သခီယမ် မယ်တော် ထံ ပန်း၊ နံ့သာ၊ ဖယောင်းတိုင် များနဲ့ ကံကောင်းစေမယ့် ၂ လုံး ၃လုံး ဂဏန်းများရရှိရန် လာရောက် ဆုတောင်းကြပါတယ်။

ဖျာအို မယ်ချိုင်ခရိုင် Nong Leng Sai ဝန်းကျင် ဧရိယာကို စူးစမ်းလေ့လာခဲ့ရာ Chao Mae Takhianဘုရားကျောင်းအတွင်း ရွာသားများ သိမ်းဆည်းထားသည့် သခီယမ် ၁၀ ကျော် တွေ့ရှိခဲ့ပြီး ရွာသူရွာသားများနဲ့ ထီဝါသနာရှင်များလာရောက် ကံစမ်းနိုင်ရန်

အတွက် နန်းတွင်း ထိုင်းဝတ်စုံ များကို အပေါ်တွင် တွဲလောင်းချိတ်ဆွဲထား ပါတယ်။ ဗီရိုထဲမှာလဲ ဝတ်စုံများကို အပြည့်ထည့်ထားပါတယ်။

 ဒါ့အပြင် ထီဝါသနာရှင်များ လာရောက်ပြီး အနီရည် ၊ အစိမ်းရည် များလာရောက် ပူဇော်ကန်တော့ကြပြီး သခီယမ် ပင်စည်တစ်လျှောက် ပေါင်ဒါမှုန့်ဖြူးတာ ပွတ်ပြီး ထီဂဏန်းများလာရောက်တောင်းကြပါတယ်။ ပေါင်ဒါမှုန့်ပွတ်ပြီး ရလာတဲ့ဂဏန်း ကတော့ 15 ၊ 55 ဖြစ်ပြီး ၃ လုံးဂဏန်းကတော့ 155၊ 551 တို့ဖြစ်ပါတယ်။ ထိုင်းအစိုးရ ထီလက်မှတ်များ ဝယ်ယူရန်အတွက် ပင်စည်ပေါ်တွင်ပေါ်လာတဲ့ ဂဏန်းကို မတ်လ ၁ရက်နေ့ ထီထိုးဖို့ အတွက် ဖုန်းဖြင့် ဓာတ်ပုံရိုက်ထားကြပါတယ်။

SHARE THIS NEWS

OTHER NEWS