3 May 2024

သြဂုတ်လ ၂၂ ရက်၊ ၂၀၂၂

ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားတဲ့ အဆောက်အအုံမှာ အလျားပေ ၂၀၊ အနံ ၁၂ပေရှိပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလလောက်က ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ အိမ်လိုပုံစံမျိုးပါ၊ မိသားစုလိုနေလို့ရတဲ့အိမ်မျိုးပါ။ အဲယားကွန်းတော့မပါဘူး ပန်ကာပဲရှိတယ်။

ပူရင်တော့ အသက်အရွယ်ရလာတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အတွက် တအားဒုက္ခရောက်ပါတယ်။ အဆောက်အအုံအတွင်း ရေခဲသေတ္တာ ၊ ရုပ်မြင်သံကြား စသည့် အသုံးအဆောင်ပစ္စည်းများလည်း မပေးထားပါဘူး။

အိမ်ထဲမှာတော့ အခန်းမပါဘူး။ အိပ်ခန်းမပါဘူး။ အိပ်တဲ့နေရာက လိုက်ကာလေးတွေနဲ့ ကာထားတယ်။ ရေချိုးခန်း၊ အိမ်သာပါတယ်။ အဆောက်အဦးက မှန်ပတ်လည်ကာထားတဲ့အဆောက်အဦး၊ အပြင်ကနေ မြင်ရတဲ့ အဆောက်အဦးပါ။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အတွက် မလှမ်းမကန်းမှာ အမျိုးသမီးထောင်ဝန်ထမ်း သုံးဦး ထားရှိပေးထားတယ်။ အဆောက်အဦး၏ ဘေးနှစ်ဖက်တွင် ထုံးအဖြူသုတ်ထားတဲ့ အုတ်တံတိုင်းကလွဲရင် သစ်ပင်လဲမရှိဘူး ဟင်းလင်းပြင်ဖြစ်နေပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို သတ်မှတ်ပေးထားတဲ့နေရာမှာ လမ်းထွက်လျှောက်ခွင့်ပေးထားတယ်။ ဒါပေမဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မှာ ထိန်းသိမ်းထားတဲ့အဆောက်အဦးအတွင်းမှာပဲ လမ်းလျှောက်ပါတယ်။ အကျဉ်းထောင်အတွင်းတော့ ရေမှာသန့်ရှင်းမှုမရှိဘဲ ထုံးဓါတ်ပါဝင်သည့် အ​နေအထားဖြစ်မျိုးကာ ခြင်အန္တရာယ်လဲစိုးရိမ်ရတယ်လို့ နေပြည်တော်အချုပ်ထောင်နှင့်နီးစပ်သော သတင်းရင်းမြစ်တစ်ခုထံကသိရပါတယ်။

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS