9 May 2024

——————————————-

သြဂုတ် ၂၄ ရက်၊ ၂၀၂၂

ကိုဗစ်၁၉ သာကူးစက်မှုမဖြစ်ရင် ခရိုင် GDP အလိုက်လုပ်အားခတိုးပေးနိုင်လိမ့်မယ်ဟု ထိုင်းအလုပ်သမားဝန်ကြီး စူချာ့ချွှန်ကလင် ကကြောင်းပြချက်ပေး

လာမည့် အောက်တိုဘာ ၁ ရက်နေ့မှစ၍ အခြေခံလုပ်အားခတိုးပေးမည်ဟု ထိုင်းအလုပ်သမားဝန်ကြီး အဆိုရှိခဲ့ပါတယ်။ ထိုင်းနိုင်ငံတဝန်းခရိုင် ၇၇ ခုရှိ အထွေထွေလုပ်သားများကို ၅ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းအထိ အခြေခံလုပ်အားခတိုးပေးပြီး လာမည့်နှစ်ဆန်း ၁ ရက်နေ့ (၁-၁-၂၀၂၃) တွင် သက်ဝင်စေမည်ဟု ထိုင်းအလုပ်သမားဝန်ကြီး စူချတ် ချွမ်ကလင်က သြဂုတ်လ ၈ ရက်နေ့တွင် ပြောခဲ့ပါတယ်။

လုပ်အားခတွေ တိုးပေးမည့်နေရာမှာ အစိုးရကိုယ်စာလှယ်၊ အလုပ်ရှင်ကိုယ်စာလှယ်၊ အလုပ်သမားကိုယ်စားလှယ်ပါဝင်သော သုံးပွင့်ဆိုင်လုပ် အားခကော်မတီ၏ဆုံးဖြတ်ချက်ကိုလဲ စောင့်ကြည့်ရမည်ဟု ဆက်ပြောခဲ့ပါတယ်။

အဲဒီနောက် သြဂုတ်လ ၁၉ ရက်နေ့တွင် လုပ်အားခတိုးပေးမည့်ကိစ္စနှင့်ပတ်သက်ပြီး အလုပ်သမားဝန်ကြီးပြောကြားချက်ထဲတွင် လာမည့်နှစ်ဆန်း ၁ ရက်နေ့ (၁-၁-၂၀၂၃) တွင် အခြေခံလုပ်အားခ ၅ ရာခိုင်နှုန်း မှ ၈ ရာခိုင်နှုန်းတိုးမြှင့်ပေးမည့်အဆိုပြုချက်ကို အလုပ်ရှင်များနှင့် စီးပွားရေးလုပ်ငန်းများ ပြန်လည်နာလန်ထူခြင်းမရှိသေးတာကြောင့် တိုးပေးရန် မဖြစ်နိုင်သေးကြောင်း ထောက်ပြခဲ့ပါတယ်။

ထိုကြောင့် ထိုင်းနိုင်ငံ GDP နှင့် ခရိုင်တစ်ခုချင်းစီ၏ GDP အလိုက် လုပ်အားတိုးပေးမည်ဟု ပြောဆိုခဲ့ခြင်းမှာ မဖြစ်လာနိုင်သေးကြောင်းနှင့် ကိုဗစ်၁၉ သာကူးစက်မှုမဖြစ်ခဲ့ရင် ခရိုင် GDP အလိုက်လုပ်အားခတိုးပေးနိုင်လိမ့်မယ်ဟု ထိုင်းအလုပ်သမားဝန်ကြီး စူချာ့ချွှန်ကလင် ကကြောင်းပြချက်ပေးခဲ့ပါတယ်။

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS