30 April 2024

စက်တင်ဘာ ၁၃ ရက်၊ ၂၀၂၂

ထိုင်းနိုင်ငံ နခွန်ပထုံခရိုင် အုန်းယိုင်မြို့နယ်ရှိ အထည်ချုပ်စက်တစ်ရုံတွင် လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၃၀၀ ခန့်ကိုအလုပ်ကနေ အကြောင်းမဲ့ထုတ်ပစ်နေတယ်လို့သွားရောက်ကူညီဆောင်ရွက်ပေးနေသူတွေထံကသိရပါတယ်။

မြန်မာရွှေပြောင်းလုပ်သား ၂၂၇ ဦးကိုထုတ်ပစ်တဲ့အထည်ချုပ်စက်ရုံမှာ (အုန်းယိုင်) ဘစ်စီကုန်တိုက်အနီးရှိစက်ရုံဖြစ်ပြီး၊ ထုတ်ပစ်ရတဲ့အကြောင်းရင်းမှာ MOU လုပ်သားတွေကို နေရာပေးဖို့ဖြစ်တယ်ဟု သိရပါတယ်။

ယခုလို အကြောင်းမဲ့ အလုပ်ထုတ်ပယ်ခံနေရမှုအပေါ် ကူညီဖြေရှင်းပေးပါရန် တိုင်ကြားလာတာကြောင့် အမျိုးသားညီညွတ်ရေး အစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ပေးအပ်ထားသည့် ကိုရဲမင်း (AAC) အဖွဲ့နှင့် ဦးသက်ပိုင်မင်းတို့က နခွန်ပထုန်ရှိ အလုပ်သမားဌာနများနှင့် ချိတ်ဆက်၍ ၈.၉.၂၀၂၂ ရက်နေ့နှင့် ၉.၉.၂၀၂၂ ရက်နေ့တို့တွင် ယင်းစက်ရုံသို့ သွားရောက်ပြီး ကူညီဖြေရှင်းပေးခဲ့ပါတယ်။

အလုပ်သမားတွေကိုကြိုတင်အသိပေးခြင်းမရှိဘဲ အလုပ်ထုတ်ခံရတဲ့ အလုပ်သမား (၁၆၇) ဦး အတွက် (၁၅) ရက်စာ လုပ်ခခံစားခွင့် စုစုပေါင်း (၈၂၉၁၅၅) ဘတ် နှင့် လုပ်သက် (၁၂၀) ရက်ပြည့်သည့် အလုပ်သမားများ လုပ်သက် နစ်နာကြေးများ ခံစားရရှိနိုင်ရေးနှင့် အလုပ်ပြောင်းရွေွှ့ရာမှာ အခက်ခဲမရှိအောင် လိုအပ်သည့်စာရွက်စာတမ်းတွေကိုလဲ နယ်မြေခံအလုပ်သမားကာကွယ် စောင့်ရှောက် ရေးဌာနနဲ့ပူးပေါင်းဆောင်ရွက်ပေးနေတယ်လို့သိရပါတယ်။

လက်ရှိမှာလဲ MOU လုပ်သားတွေနေရာပေးကာ အလုပ်သမားတွေကို အလုပ်ကနေအကြောင်းမဲ့ထုတ်ပစ်တာတွေ မကြာခဏရှိနေတယ်လို့ အလုပ်သမားအရေးဆောင်ရွက်သူတွေထံကသိရပါတယ်။

ထိုကြောင့် ထိုင်းနိုင်ငံသို့ MOU အလုပ်သမားစေလွှတ်ရာတွင် အလုပ်သမား လိုအပ်ချက်ရှိမရှိ စိစစ်မှုမရှိဘဲ စေလွှတ်မည့် Agency များကိုလဲ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ အရေးယူဆောင်ရွက်တာတွေပြုလုပ်သွားမည်ဟု https://go.molmyanmar.org/BinTQdcu တွင်ဖော်ပြထားပါတယ်။

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS