27 April 2024

စက်တင်ဘာ ၂၁ ရက်၊ ၂၀၂၂

စစ်တပ်က အာဏာသိမ်းမှာကို ဒေါ်အောင်ဆန်းစုကြည် ကြိုသိပါတယ်။ ၂၀၁၈ ခုနှစ်ကတည်းက အာဏာသိမ်းမယ်လို့ စစ်ဗိုလ်ချုပ်တွေက ခဏခဏပြောပါတယ်။ မြန်မာနိုင်ငံရဲ့ အပေါဆုံးက အာဏာသိမ်းမယ်ဆိုတဲ့စကားပါ။ နိုင်ငံခြားသတင်းတစ်ခုမှာလဲ နောက်ထပ်အာဏာသိမ်းမှုဖြစ်လာခဲ့မယ်ဆိုရင် ဘယ်လိုလုပ်မလဲ မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည် ကိုမေးတော့ သိမ်းမယ်ဆိုရင် သိမ်းတဲ့သူကိုသွားမေးပါ။ အာဏာသိမ်းမယ်ဆိုရင် သိမ်းတဲ့သူက တာဝန်ယူရလိမ့်မယ်၊ သိမ်းပြီးဘာဆက်လုပ်မှာလဲ လို့ မေးခွန်ပြန်ဖြေခဲ့ပါတယ်။

အာဏာသိမ်းဖို့ ကြံစည်တဲ့သူဟာလဲ ဦးစိုးသိန်း ပါ၊ အာဏာသိမ်းမယ်လို့ ပထမဦးဆုံးပြောသူမှာလဲ KBZ ဘဏ် ဥက္ကဌ လို့ RFA သတင်းဌာနရဲ့ အင်တာဗျူးမှာ ဦးနိုင်ကိုကို ပြောသွားတာဖြစ်ပါတယ်။

အာဏာသိမ်းမှုမှာ ဦးစိုးသိန်း က ၅၀ ကနေ ၈၀ ရာခိုင်နှုန်းအထိပါဝင်နေသလို၊ ဒီလိုအခြေထိရောက်လာတာလည်း စီးပွားရေးသမားနှစ်ယောက်ရဲ့ အားပြိုင်မှုကြောင့်ပါ၊ အာဏာသိမ်းမှုဖြစ်လာတာဟာ အကျိုးစီးပွားကြောင့်ဖြစ်တယ်။ စီးပွားရေးတွေကို လက်လွတ်ဆုံးရှုံးရမှာကြောက်တယ်။ စီးပွားရေးတွေကိုမျိုးရိုးစဉ်ဆက် ကောင်းသထက် ကောင်းလာအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သိမ်းတာဖြစ်တယ်ဟု ၎င်းကဆက်ပြောပါတယ်။

.

လက်ရှိ မြန်မာနိုင်ငံရဲ့ဟာ ဂိမ်းဆိုရင်နှစ်ဖက်စလုံးအရှုုံးပေါ်တဲ့ ကစားကွက်တွေဖြစ်တယ်။ ပြည်သူလူထုတွေကလဲ စစ်တပ်ကိုအလိုမရှိကြတော့ဘူး၊ အလုံးစုံပျက်စီးသွားပါပြီ၊ ပြည်သူလူထုများက စစ်တပ်ကိုမုန်းတီးသွားပြီဖြစ်တာကြောင့် ဘယ်လို့မှညှိနှိုုင်းလို့ရတော့မှာ မဟုတ်ဟု ထည့်ပြောသွားပါတယ်။

.

ကိုချစ် ဇွဲကပင်မြေ

Ref: RFA

SHARE THIS NEWS

OTHER NEWS