3 May 2024

စက်တင်ဘာ ၂၆ ရက်၊ ၂၀၂၂

မိုးဗြဲမြို့နယ်မှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတာကြောင့် သေဆုံးမှုများကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF) က သတင်းထုတ်ပြန်ခဲ့ပါတယ်။

မိုးဗြဲမြို့နယ်တွင်းမှာ စက်တင်ဘာ ၂၄ ရက်နေ့ စစ်ရေးသတင်းထုတ်ပြန်ချက်မှာ မိုးဗြဲမြို့နယ် လွယ်ယင်းမင်္ဂလာကျေးရွာ ကာလဝါရီတောင်ပေါ်တွင် ထိုးစစ်ဆင်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့မဟာမိတ် တပ်ပေါင်းစုများ ဖြစ်ကြသော MBPDF 1001၊ MBPDF 1007၊ ဖယ်ခုံ PDF B-01၊ လွိုင်ကော် PDF၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့၊ DMO 1102 တပ်ရင်း၊ နေပြည်တော် PDF၊ KNDF၊ KGZ၊ URF တွေနှင့် ဆက်လက်တိုက်ပွဲဖြစ်ပွားနေပါတယ်။

အဲဒီနေ့ရဲ့ မနက် ၁၁ နာရီလောက်က စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ ညနေ ၅ နာရီအထိ စုစုပေါင်း ၆ နာရီအကြာတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲမှာ စစ်ကောင်စီဘက်က သေဆုံးမှုများတာကြောင့် အတည်ပြုလို့မရသေးကြောင်း ထုတ်ပြန်ချက်တွင် သိရပါတယ်။

၆ နာရီအကြာ တိုက်ပွဲမှာ မဟာမိတ်တပ်ပေါင်းစုအဖွဲ့မှ ၅ ဦးမှာ ဒဏ်ရာတွေအနည်းငယ်သာရရှိပြီး၊ သေဆုံးမှုမရှိကြောင်း သိရပါတယ်။ စစ်ကောင်စီတပ်သားတွေ သေဆုံးမှုများတာကြောင့် တာဝေးပစ်လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုရှိနေတယ်လို့ ဖော်ပြချက်တွင် သိရပါတယ်။

မိုးဗြဲမြို့နယ်မှာ စက်တင်ဘာ ၁၉ ရက်နေ့ကတည်းက တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တာပါ။ စစ်ကောင်စီဘက်က ညအချိန်မှာ မိုးဗြဲမြို့ပေါ်သို့ တာဝေးပစ်လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်လာခဲ့ပြီး၊ မိုးဗြဲမြို့ထဲသို့ ဝင်ရောက်လာခဲ့ရာကနေစတင်တိုက်ပွဲတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ကိုချစ် ဇွဲကပင်မြေ

သတင်းရင်းမြစ်- (MBPDF)

SHARE THIS NEWS

OTHER NEWS