10 May 2024

နိုဝင်ဘာ ၃ ရက်၊ ၂၀၂၂

ကော့သောင်းမှာ Border Pass လုပ်ပြီး ထိုင်းဝင်လာတဲ့မြန်မာနိုင်ငံသား လူကြီး ကလေး ၁၄ ယောက်မှာသတ်မှတ်ထားတဲ့ခရိုင်ကို ဖြတ်ကျော်လာတဲ့အတွက် ထိုင်းနိုင်ငံ ရနောင်းခရိုင်နှင့် ဖန်းငါခရိုင်စပ်ကြားမှာ အဖမ်းခံလိုက်ရပါတယ်။

သူတို့ ၁၄ ယောက်ထဲမှာ အမျိုးသား ၈ ယောက်၊ အမျိုးသမီး ၃ ယောက်နှင့် ကလေး ၃ ယောက်ဖြစ်ကြပြီး၊ နိုဝင်ဘာ ၂ ရက်နေ့ ည ၁၁ နာရီအချိန်တွင် မောင်းပြေးလာတဲ့ ဟိုင်းလတ်ကားပေါ်မှာ အဖမ်းခံရတာပါ။ အာဏာပိုင်တွေဝင်ရောက်ဖမ်းဆီးစဥ် ယာဥ်မောင်းသူမှာ ထွက်ပြေးတိမ်းရှောင်သွားလို့ သိရပါတယ်။

မြန်မာ ၁၄ ယောက်မှာ စူရတ်ဌာနီခရိုင်သွားမှာဖြစ်ပြီး၊ မလေးရှားနိုင်ငံမှာ အလုပ်သွားလုပ်ဖို့လာရာကနေ ထိုင််းအာဏာပိုင်များက ဖမ်းဆီးလိုက်တာဖြစ်ပြီး ဥပဒေအရအရေးယူခြင်းခံရမှာဖြစ်ပါတယ်။

အချက်အလက်-กรมทหารราบที่ 25

SHARE THIS NEWS

OTHER NEWS