2 May 2024

နိုဝင်ဘာလ ၁၄ ရက်၊ ၂၀၂၂

.

“အဲဒီလို မလုပ်ပါနဲ့ ငါ့တို့တွေက ညီကိုတွေပါ၊ မင်းအခက်ခဲကို ငါတို့တတွေကူညီပေးဖို့အဆင်သင့်ပါ၊ ဆင်းလာပါ ငါ့ညီ”

 

 

နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ဗန်ကောက်မြို့၊ ဟွေ့ခဝှမ်မြို့ရှိ ကုန်းကျော်တံတားပေါ်ကိုတက်ပြီး ခုန်ချဖို့လုပ်နေတဲ့ မြန်မာတစ်ဦးကို ထိုင်းရဲအရာရှိတစ်ဦးမှ “အဲဒီလို မလုပ်ပါနဲ့ ငါညီရာ ငါတို့တွေက ညီကိုတွေပါ၊ မင်းအခက်ခဲကို ငါ့တို့တတွေကူညီပါ့မယ်” ဟု ဒူးထောက်ပြီး မြန်မာလုပ်သားကို ဖြေသိပ်ပြောဆိုခဲ့ပါတယ်။

 

 

အဲဒီနောက် အသက် ၃၀ နှစ်ရှိတဲ့ မြန်မာနိုင်ငံသားမှာ ကုန်းကျော်တံတားပေါ်မှာရှိတဲ့ မီးတိုင်ကိုဖက်တွယ်ရာကနေဆင်းလာခဲ့ပါတယ်။ ခုန်ချဖို့လုပ်နေတဲ့ မြန်မာနိုင်ငံသား ၁ ဦးမှ အလုပ်အကိုင်မရရှိဘဲ စိတ်ဖိစီးနေကာ မြန်မာပြည်ပြန်ချင်သော်လဲ လမ်းစရိတ်နဲ့ အထောက်အထားတွေမရှိတာကြောင့် အခက်ခဲဖြစ်နေတာလို့ သိရပါတယ်။

 

 

ထိုနောက် မြန်မာလုပ်သားနေရပ်ပြန်နိုင်ရေး သွားရောက်ကူညီပေးတဲ့ ရဲတပ်ဖွဲ့မှာ နယ်စပ် လဝက များနှင့် ချိတ်ဆက်ပေးကာ နေရပ်ပြန်နိုင်အောင် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း ထိုင်းရဲတွေပြောဆိုချက်အရ ထိုင်းမီဒီယာများက ဖော်ပြထားပါတယ်။

.

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS