10 May 2024

နိုဝင်ဘာလ ၂၉ ရက်၊ ၂၀၂၂

သမ္မတရှီကျင့်ဖျင် နှုတ်ထွက်ပေးရေး တောင်းဆိုချီတက်မှုတွေဟာ အရှိန်အဟုန်မြှင့်တက်နေပါတယ်။ တရုတ်နိုင်ငံမှာ လက်ရှိ ကိုဗစ်ထိန်းချုပ်ရေး ဆိုင်ရာ တင်းကျပ်တဲ့ မူဝါဒ တွေ အပေါ် ဆန့်ကျင်ကြတဲ့ ဆန္ဒပြပွဲတွေဟာ ဆက်တိုက်ပေါ်ပေါက်နေပြီး၊ အဓိက မြို့ကြီး တချို့မှာ ပြီးခဲ့တဲ့ ညက ချီတက် လှည့်လည် ဆန္ဒပြတာတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

မြို့တော် ဘေဂျင်းနဲ့ အဓိက စီးပွားရေး မြို့ကြီးဖြစ်တဲ့ ရှန်ဟိုင်းလို နေရာတွေမှာ လူတွေ ဆက်လက် စုဝေး နေခဲ့ကြပါတယ်။ တင်းကျပ်တဲ့ ကိုဗစ်မူဝါဒတွေကို ဖြေလျှော့ပေးရေး ဆန္ဒပြပွဲတွေဖြစ်ပါတယ်။

သူတို့ တောင်းဆို နေတာတွေထဲ ဒီမိုကရေစီရေး၊ ဥပဒေစိုးမိုးရေးနဲ့ လွတ်လပ်စွာ သဘောထား ဆန္ဒတွေ ဖော်ထုတ်ခွင့် ရှိရေး စတဲ့ အချက်တွေ ပါ၀င်ပါတယ်။

အိမ်ထဲက အိမ်ပြင် မထွက်ရ လော့ခ်ဒေါင်းချထားတဲ့ တရုတ်နိုင်ငံ အနောက်ပိုင်းရှင်ကျန်းဒေသထဲက အူရွမ်ကျီ Urumqi ဆိုတဲ့ မြို့မှာ ၊ ပြီးခဲ့တဲ့ ကြာသပတေးညက အထပ်မြင့်အဆောက်အအုံ တစ်လုံး မီးလောင်ရာကနေ လူ ၁၀ ယောက် အထိ သေဆုံးခဲ့ပါတယ်။

အဲဒီနောက်ပိုင်း အခုလို ကိုဗစ်စည်းမျဉ်းတွေ ဖြေလျှော့ရေး ဆန္ဒပြပွဲတွေဟာ တရုတ်နိုင်ငံ မြို့ကြီးတွေမှာထိ ပေါ်ပေါက်လာပြီး၊ ဘေဂျင်းနဲ့ နန်ကျင်းမြို့က တက္ကသိုလ်ကျောင်းသားတွေလည်း ဆန္ဒပြနေကြတယ်လို့ သိရပါတယ်။

ကိုဗစ်ကူးစက်မှုကာကွယ်နိုင်ဖို့ ရုတ်တရက် ချမှတ်လိုက်တဲ့ လော့ဒေါင်း၊ ကန့်သတ်ချက် အစီအစဥ်တွေကြောင့် နိုင်ငံတစ်ဝန်းက ပြည်သူတွေကို ဒေါသဖြစ်စေခဲ့သလို ကိုဗစ် ကန့်သတ်ချက်တွေ ပိုမိုကျယ်ပြန့်လာတာကြောင့် တရုတ်နိုင်ငံ ပြည်နယ်အချို့မှာ ပြင်းထန်သောဆန္ဒပြမှုတွေ အစပျိုးလာတာလည်းဖြစ်ပါတယ်။

ကိုချစ် ဇွဲကပင်မြေ

Ref: BBC

photo: Taiwan News

SHARE THIS NEWS

OTHER NEWS