28 April 2024

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ ကိုရီးယားနိုင်ငံက တင်သွင်းလာသော “Nongshim Shin Ramyun Black Bowl (Tofu Kimchi)” အမှတ်တံဆိပ်အသင့်စားခေါက်ဆွဲခြောက်ကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဌာနမှ လက်ထောက်အထွေထွေအတွင်းရေးမှူး ဒေါက်တာ ဝိတ်စရစ်ဒီချိုင်းကူက ဇန်နဝါရီ ၂၅ရက်ကထုတ် ပြန်ခဲ့ပါတယ်။ ခေါက်ဆွဲခြောက်ဘူးတွင်ပါဝင်တဲ့ ဟင်းခတ်အမှုန့်အနှစ်ထုတ်တွင် 0.075 မီလီဂရမ် (mg/kg) အစားအသောက်များ၌သုံးခွင့်မရှိသည့် ပိုးသတ်ဆေးတစ်မျိုးဖြစ်သော အက်ထရင်းအောက်ဆိုဒ် ( Ethylene oxide ) ပါဝင်နေကြောင်းတွေ့ခဲ့ရပါတယ်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)ရဲ့စစ်ဆေးမှုအရ အဆိုပါခေါက်ဆွဲများကို ထိုင်းနိုင်ငံ တွင် “ Shin Ramen Black Bowl Tofu Kimchi (Instant Noodles) “ အမည်ဖြင့်တင်သွင်းရောင်းချနေကြောင်းတွေ့ ရှိခဲ့ပါတယ်။ တိုဟူး နှင့် ကင်မ်ချီရောစပ်ထားတဲ့ Nongshim အမှတ်တံဆိပ် အသင့်စားခေါက်ဆွဲခြောက်ဘူး အစားအသောက် အမှတ်စဉ် 10-3-07945-5-0811 ဖြစ်ပါတယ်။

ကုမ္ပဏီဘက်ကနေပြီးတော့ ထိုင်းနိုင်ငံထဲသို့သက်တမ်းကုန်ဆုံးမည့် မော်ဒယ် ၂ကြိမ် တင်းသွင်းခဲ့ပြီး ၂၀၂၃ခုနှစ် ဖေဖော်ဝါရီ ၄ ရက်တွင် အသင့်စားခေါက်ဆွဲခြောက်ဘူး ( 480 ) ဘူး နှင့် ၂၀၂၃ ခုနှစ် မေလ ၈ ရက်နေ့တွင်( 2,560 ) ဘူး ၊ စုစုပေါင်း ဘူးပေါင်း ( 3,040 ) ဘူး တင်သွင်းခဲ့ပါတယ်။ စစ်ဆေးပြီးတဲ့နောက်အစားသောက်များ ဝယ်တဲ့အခါကျရင် ကုန်ဆုံးမည့်ရက်စွဲတွေကိုသေချာစီစစ်ပြီးဝယ်ယူကြဖို့ဆိုပါတယ်။

အက်ထရင်းအောက်ဆိုဒ် ( Ethylene oxide ) အမျိုးစားသည် အစားအသောက်များ၌သုံးခွင့်မရှိသည့် ပိုးသတ်ဆေးတစ်မျိုး ဖြစ်ပါတယ်။ ၎င်းကိုအစားအသောက်များတွင်တွေ့ရှိပါက အဆင့်တန်းမမီသောအစား အစာဖြင့်သတ်မှတ်ပြီး ထုတ်လုပ်ခြင်း၊ တင်သွင်းဖြန့်ဖြူးခြင်းဆိုင်ရာ စံချိန်စံညွှန်းများနှင့် မကိုက်ညီသော အစားအသောက်များတွင် တွေ့ရှိပါက ဘတ် 50,000 ထက်ပိုသောငွေဒဏ်ကိုဆောင်ရမည်ဖြစ်ပါတယ်။

SHARE THIS NEWS

OTHER NEWS