2 May 2024

ငလျင်ဒဏ်ကြောင့်ပိတ်မိနေသော တူရကီပြည်သူများကို ရှာဖွေကယ်ဆယ်နိုင်ရန်အတွက် ထိုင်းဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျော့ပါးရေးဦးစီးဌာနမှ Thailand for Turkey ဟု အမည်ပေးထား သော ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ကို တူရကီနိုင်ငံသို့စေလွတ်မည်ဟု ထုတ်ပြန်ထားသည်။

 

အဆိုပါ ကယ်ဆယ်ရေးအဖွဲ့တွင် မြို့ပြရှာဖွေကယ်ဆယ်ရေးအဖွဲ့(Meduim USAR Thailand) အပါအဝင် ပြည်သူ့ကျန်းမာရေးဝန်းကြီးဌာနမှဆရာဝန်အဖွဲ့၊ အင်ဂျင်နီယာအဖွဲ့ စုစုပေါင်း ၄၂ ဦး နှင့်ကယ်ဆယ် ရေးခွေး ၂ ကောင် ပါဝင်မည်ဟု ဖော်ပြထားသည်။

 

 

အဆိုပါအဖွဲ့သည် ယနေ့ည ၁၁ နာရီခွဲအချိန်တွင် Turkish airlines လေကြောင်းလိုင်းဖြင့် သုဝဏ္ဏဘူမိ လေဆိပ် မှထွက်ခွာမည်ဟု သိရှိရသည်။

ပလာတူး

SHARE THIS NEWS

OTHER NEWS