3 May 2024

,

၂၀၂၂ ခုနှစ် အသက် ၂၃ နှစ်အောက် အမျိုးသားအာရှဖလားပြိုင်ပွဲ နောက်ဆုံးအဆင့် အုပ်စုမဲခွဲရာတွင် ခြေစစ်ပွဲအောင် အာဆီယံ ၃ သင်း အုပ်စုတစ်ခုတည်း ကျရောက်

၂၀၂၂ ခုနှစ် အသက် ၂၃ နှစ်အောက် အမျိုးသားအာရှဖလားဘောလုံးပြိုင်ပွဲနောက်ဆုံးအဆင့်အတွက် ယမန်နေ့ကအုပ်စုမဲခွဲရာမှာ ခြေစစ်ပွဲအောင်ထားတဲ့ ဒေသတွင်းပြိုင်ဘက်အသင်း ၃ သင်းစလုံး အုပ်စု (စီ) မှာ တိုက်တိုက်ဆိုင်ဆိုင်ကျရောက်နေပါတယ်။

ဒေသတွင်းမဟာပြိုင်ဘက်တွေဖြစ်ကြတဲ့ ထိုင်း၊ ဗီယက်နမ်နဲ့မလေးရှားအသင်းတို့ဟာ တောင်ကိုရီးယားအသင်းနဲ့အတူ အုပ်စု (စီ) မှာ ကျရောက်နေပါတယ်။

၂၀၂၂ ခုနှစ် အသက် ၂၃ နှစ်အောက်အာရှဖလားအမျိုးသားဘောလုံးပြိုင်ပွဲကို ဉဇဘက်ကစ္စတန်ကအိမ်ရှင်အဖြစ်လက်ခံကျင်းပသွားမှာဖြစ်ပြီး လာမယ့်ဇွန်လ ၁ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပါတယ်။

ထိုင်းအသင်းအနေနဲ့ မဟာပြိုင်ဘက် ဗီယက်နမ်အသင်းနဲ့ပွဲဦးထွက်စကားရမှာဖြစ်ပြီး မလေးရှား၊ တောင်ကိုရီးယားအသင်းတို့နဲ့အဆင့်ဆင့်ကစားရမှာဖြစ်ပါတယ်။

အခြားအုပ်စုတွေမှာတော့ အုပ်စု (အေ) မှာ ဉဇဘက်ကစ္စတန်၊ အီရန်၊ ကာတာ၊ တာမင်နစ္စတန် စတဲ့အသင်းတို့ကျရောက်နေပြီး အုပ်စု (ဘီ)မှာတော့ ဩစတြေးလျားအပါအဝင် ဂျော်ဒန်၊ အီရတ်နဲ့ ကူဝိတ်အသင်း တို့ကျရောက်နေပါတယ်။

အုပ်စု(ဒီ) မှာတော့ ဆော်ဒီအာရေဗျ၊ ယူအေအီး၊ ဂျပန်နဲ့တာဂျစ်ကစ္စတန်အသင်းတို့ ကျရောက်နေပါတယ်။

ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS