10 May 2024

ထိုင်းနိုင်ငံမှာ ပထမဆုံးသောအာကာသစခန်းတစ်ခုကို တည်ဆောက်နိုင်ဖို့အတွက် ထိုင်းဘူမိသတင်း အချက်အလက်နှင့်အာကာသနည်းပညာမြှင့်တင်ရေးရုံး (GISTDA)နှင့် တောင်ကိုရီးယားအာကာသ သုတေသနအင်စတီကျု Korea Aerospace Research Institute (KARI) တို့က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ နားလည်မှုစာချွန်လွှာ (MoU) တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ GISTDA ကဖော်ြပထားပါတယ်။

ယင်းစာချုပ်အရ ထိုင်းနိုင်ငံရဲ့ပထမဆုံးအာကသစခန်းတည်ဆောက်ဖို့နဲ့ပတ်သက်ပြီး ဖြစ်နိုင်ခြေလေ့လာ ဆန်းစစ်မှုလုပ်ငန်းကို KARI ဘက်က ၃ နှစ်အတွင်း အပြီးသတ်လုပ်ဆောင်ရမယ်လို့ ဖော်ပြထားပါတယ်။

 

လေကြောင်းပျံသန်းရေးနဲ့အာကာသလုပ်ငန်းဟာ ထိုင်းနိုင်ငံရဲ့ အနာဂတ်စီးပွားရေးမောင်းနှင်အား အတွက် ပစ်မှတ်ထားလုပ်ငန်း (S-Curve) ၁၀ ခုထဲကတစ်ခုအပါအဝင်ဖြစ်တယ်လို့ ထိုင်းအာကာသသိပ္ပံ အမြဲတမ်းအတွင်းဝန် က ဆိုပါတယ်။

ထိုင်းနဲ့တောင်ကိုရီးယားတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုဟာ အာကာသစက်မှုလုပ်ငန်းနဲ့စီးပွားရေးကဏ္ဍကို (space industry / space economy) ကို များစွာ အထောက်အကူပြုမယ်လို့ ဆိုပါတယ်။

 

ထိုင်းနိုင်ငံဟာ အီကွေတာနဲ့နီးတဲ့နိုင်ငံဖြစ်တဲ့အတွက် ကမ္ဘာ့နိုင်ငံများအနက် အာကာသစခန်း (Spaceport) တည်ဆောက်ဖို့ စွမ်းဆောင်ရည်နဲ့အားသာချက်အရှိဆုံးနိုင်ငံတစ်ဖြစ်လို့ အခုလို အကောင်အထည်ဖော်ဆောင်ဖြစ်တာလို့ GISTDA ညွှန်ကြားရေးမှူး က ဆိုပါတယ်။

ပလာတူး

SHARE THIS NEWS

OTHER NEWS