30 January 2025

ထိုင်းနိုင်ငံမြောက်ပိုင်း၊ တာ့ခရိုင်၊ မဲဆောက်မြို့နယ်၊ ထာ့စိုင်လွတ်ကျေးရွာအုပ်စုရှိ ရင်မိန်ဈေးနားတွင် မြန်မာဘက်ကဈေးသည်တချို့က နယ်စပ်မျဉ်းကိုကျော်လွန်ပြီး တရားမဝင်အရက်နှင့်ဆေးလိပ်များ ရောင်းချနေခြင်းကြောင့် အထူးရာဇဝတ်မှုနှိမ်နင်းရေးရဲတပ်ဖွဲ့မှ အဆိုပါပစ္စည်းများကို သိမ်းဆည်းလိုက် သည်ဟု အာဆီယံသတင်းဌာနက ဖော်ြပထားသည်။

 

မဲဆောက်မြို့နယ်၊ ထာ့စိုင်လွတ်ကျေးရွာအုပ်စုရှိ ရင်မိန်ဈေးလူသွားစင်္ကြန်ပေါ်တွင် မြန်မာဘက်မှတရားမဝင်ပစ္စည်းများရောင်းချနေသည်ဟု တိုင်ကြားချက်ရရှိပြီးနောက် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ တွင် မဲဆောက် အထူးရာဇဝတ်မှုနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ထိုင်းနယ်နိမိတ်ဘက်ကို ကျော်လွန်ရောင်းချနေသာ တရားမဝင်အရက်နှင့်ဆေးလိပ်များကို သိမ်းဆည်းခဲ့ခြင်းဖြစ်သည်။

 

တရားမဝင်အရက်တချို့နှင့်ဆေးလိပ်ဘူးစုစုပေါင်း ၄၈၀ ကိုသိမ်းဆည်းနိုင်ခဲ့သည်ဟု ဖော်ြပထားသည်။

 

ပလာတူး

SHARE THIS NEWS

OTHER NEWS