15 May 2024

ထိုင်းနိုင်ငံမြောက်ပိုင်းမြို့တော် ချင်းမိုင်မြို့တွင် ယခုနှစ်အတာသင်္ကြန်ပွဲတော်ကို ၉ ရက်ကြာ ကျင်းပ သွားမည်ဟု ချင်းမိုင်မြို့စည်ပင်သာယာရုံးမှ ထုတ်ပြန်ထားသည်။

၂၀၂၃ ခုနှစ် သင်္ကြန်ပွဲတော်ကျင်းပရေးနှင့်ပတ်သက်ပြီး ယနေ့မနက်တွင် ချင်းမိုင်မြို့စည်ပင်သာယာရုံး အတွင်း၌ သင်္ကြန်ပွဲတော်ကျင်းပရေးအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးတစ်ရက်ကို ချင်းမိုင်မြို့ လက်ထောက်စည်ပင်သာယာဥက္ကဋ္ဌဦးဆောင်ပြီး ကျင်းပခဲ့သည် ချင်းမိုင်နယူးစ်သတင်းဌာန က ဖော်ပြထားသည်။

ဒေသခံယဉ်ကျေးမှုကိုမြှင့်တင်ရန်နှင့်ထိန်းသိမ်းထားနိုင်ရန်၊ ချင်းမိုင်ခရိုင်အတွင်း ခရီးသွားလုပ်ငန်းနှင့် စီးပွားရေလုပ်ငန်းများကို အထောက်အကူပြုရန် စသည့်ရည်ရွယ်ချက်ဖြင့် အစိုးရနှင့်ပုဂ္ဂလိကမဟာမိတ် အဖွဲ့အစည်းများပူးပေါင်းပြီး ရေသဘင်ပွဲတော်ကြီးကို ဧပြီလ ၉ ရက်​နေ့မှ ၁၇ ရက်​နေ့အထိ ၉ ရက်ကြာကျင်းပသွားမည်ဟု သိရသည်။

 

 

ပွဲတော်ရက်များတွင် နာမည်ကြီးဘုန်းကြီးကျောင်း ၁၁ ခုတွင် ဘုရားရေသပ္ပာယ်ခြင်းအပါအဝင် ရိုးရာယဉ် ကျေးမှုဆိုင်ရာ အစီအစဉ်များကိုပါ ကျင်းပသွားမည်ဟု သိရသည်။

တချိန်တည်းတွင် ချင်းမိုင်ခရိုင်နယ်မြေရဲတပ်ဖွဲ့အပါအဝင် ချင်းမိုင်ခရိုင်ခရီးသွားရဲတပ်ဖွဲ့နှင့် ချင်းမိုင် ခရိုင်ယာဉ်ထိန်းရဲတပ်ဖွဲ့တိုးပူးပေါင်းပြီး ကယ်ဆယ်ရေးစခန်းများချထားမည်ဖြစ်ကာ ခြေလျင်ကင်းလှည့် ရဲအဖွဲ့နှင့်ခြေမြန်ကင်းလှည့်အဖွဲ့များစေလွှတ်ပြီး လုံခြုံရေးတင်းကျပ်ထားမည်ဖြစ်ပြီး ပွဲတော်အတွင်း အရက်ဘီယာရောင်းချမှုများကို ပိတ်ပင်သွားမည်ဟု ထုတ်ပြန်ထားသည်။

 

 

ချင်းမိုင်းသင်္ကြန်တွင် အစည်ကားဆုံးနေရာမှာ ချင်းမိုင်ကျုံးမြို့ရိုးဟောင်းတဝိုက်ဖြစ်သည်ဟု သိရသည်။

ပလာတူး

SHARE THIS NEWS

OTHER NEWS