26 April 2024

——————————–

ဗန်ကောက် ဇန်နဝါရီလ ၂၄ ရက်၊ ၂၀၂၃

ဘုရားသုံးဆူမြို့နယ်ဘက်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး အာဏာပိုင်အဆောက်အအုံတွေမီးလောင်ပျက်စီးမှုတွေရှိနေတယ်လို့ ဘုရားသုံးဆူဒေသခံတစ်ဦးကဆိုပါတယ်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ ဘုရားဆုံးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် ဇန်နဝါရီလ ၂၃ ရက် ၂၀၂၃ ည ၁၀ နာရီခန့်မှာ မီးလောင်နေတာကို ထိုင်းဘက်ခြမ်းကနေလှမ်းမြင်နေရတယ်ဟု ထိုင်းသတင်းတွေကဖော်ပြထားပါတယ်။ အဆိုပါမီးလောင်မှုမှာ စစ်ထောက်လှမ်းရေးရုံး(စရဖ)၊ ထွေအုပ်နှင့် လဝကရုံးများမီးလောင်နေတာဖြစ်တယ်ဟု စုံစမ်းသိရှိရပါတယ်။

“ညတုန်းကမီးလောင်နေတာတော့တွေ့တယ်။ ဘာတွေလောင်နေလဲမသိရပေမယ့် မနက်ရောက်မှ ဘုရားသုံးဆူမှာနေတဲ့ အမျိုးတွေပုံပို့လာတော့မှ ထိုင်းလဝကရုံးတွေမီးလောင်တာသိရတယ်။ အမတို့နေတဲ့အထိတော့ သေနတ်သံတွေတော့ မကြားရပေမယ့် အဲဒီနယ်စပ်တလျှောက်မှာနေတဲ့သူတွေကတော့ တိုက်ပွဲဖြစ်နေတဲ့အသံတွေကြားနေရတယ်လို့ပြောတယ်။ ခုချိန်ထိတော့ ထိုင်းဘက်ခြမ်းကိုတိမ်းရှောင်လာတဲ့သူတွေတော့ မရှိသေးဘူး” လို့ ထိုင်းဘက်ခြမ်း စံခလဘူမြို့နယ်မှာ နေထိုင်တဲ့ မအေးအေး ကပြောပါတယ်။

ဒီကနေ့ မနက်အထိမှာတော့ ကရင်ပြည်နယ်ရှိ တောင်ကမ္မရိုက်၊ မြောက်ကမ္မရိုက်၊ ကမ္မရိုက်ကြီ၊း ကမ္မရိုက်လေး၊ အလယ်ကျွန်း၊ ကျောက်ဖျာ၊ ကော့ကျိုက်၊ ကမ်းနီ၊ နောင်တမံ၊ ကော့ဝါလဲ၊ ရေပူ၊ ကျွန်းကလေး၊ ကျုံဒိုးမြို့ပေါ်ရှိ ဒေသခံများ စစ်ဘေးရှောင်နေကြရတယ်လို့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေလဲ အချင်းချင်းလှမ်းသတိပေးတဲ့အနေနဲ့ ရေးသားဖြန့်ဝေနေကြတာတွေ့ရပါတယ်။

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS