10 May 2024

,

ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်နေ့ ထိုင်းထီဆုကြေညာပြီးနောက်မှာတော့ နခွန်ဖနွမ်ခရိုင်က ထီကံထူးရှင်တစ်ဦး ဟာ ဝမ်းသာလုံးဆို့ပြီး မျက်ရည်ကျခဲ့တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း၊ နခွန်ဖနွမ်ခရိုင်၊ ဝမ်ယန်မြို့နယ်၊ နောင်းဖိုကျေးရွာအုပ်စုမှာ နေထိုင်တဲ့ အသက် ၄၈ နှစ်အရွယ် ထိုင်းအမျိုးသမီးတစ်ဦးဟာ ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်နေ့က ဘတ် ၆ သန်းထီတစ် စောင်ကံထူးခဲ့ပြီး ထီကံထူးတယ်လို့သိသိချင်းမှာ အတိုင်းမသိဝမ်းသာစိတ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

သူမရဲ့နေအိမ်အထိ ထီလာရောင်းတဲ့ထီသည်ကို ထီလက်မှတ် ၂ စောင်ရွေးယူစေပြီး ကံစမ်းခဲ့တာလို့ သိရပါတယ်။

ထီဆုကြေညာပြီးတဲ့နောက်မှာ သူမရဲ့ထီလက်မှတ် ၂ စောင်ကို တိုက်ကြည့်ခဲ့ပြီး ၁ စောင်မှာ ပထမဆု ၆ လုံးတူနဲ့ တူညီနေတာကို သိလိုက်ရတဲ့နောက်မှာတော့ ဝမ်းသာလွန်းလို့ မောင်လေးဖြစ်သူကို အပြေး ဖက်မိခဲ့တယ် လို့ သိရပါတယ်။

ထီဆုငွေထုတ်ယူပြီးတဲ့နောက်မှာတော့ အလှူအတန်းပြုလုပ်မယ်လို့သိရပြီး အကြွေးတချို့ကိုလည်း အကြေဆပ်မယ်လို့ ဆိုပါတယ်။

ကျန်ရှိတဲ့ငွေတွေကိုတော့ သူမရဲ့ ကုန်ဆုံဆိုင်ခန်းမှာရင်းဖို့အတွက် သိမ်းထားမယ်လို့ ဆိုပါတယ်။

SHARE THIS NEWS

OTHER NEWS