2 January 2026

ထိုင်းဘတ်ငွေ သန်း ၄ ထောင်ရင်းပြီး ဒီနှစ်ကုန်ပိုင်းမှာ ဘီယာထုတ်လုပ်ဖြန့်ချိသွားမယ်လို့ ခါရာဘောင် လုပ်ငန်းစုရဲ့ စီအီးအိုဖြစ်သူ Mr. Sathien Sathientham က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ဖော်ပြောကြားခဲ့ပါ တယ်။

နှစ်စဉ်ဘီယာလီတာပေါင်း သန်း ၄၀၀ ထုတ်လုပ်နိုင်မယ့် ဘီယာစက်ရုံတစ်ခုကို ထိုင်းမြောက်ပိုင်းက ချိုင်နာ့ခရိုင်မှာ ဖွင့်လှစ်သွားဖို့ရှိပြီး တာထွက်ထွက်ချင်းမှာတော့ နှစ်စဉ်လီတာ ၂၀၀ သာထုတ်လုပ် သွားမှာဖြစ်ပြီး ဒီနှစ်စတုတ္ထသုံးလပတ်မှာ ထိုင်းနိုင်ငံတဝန်းကို ဖြန့်ချိသွားမယ်လို့ ဆိုပါတယ်။

ပုလင်းဘီယာနဲ့သံဘူးဘီယာတွေကို ထုတ်လုပ်သွားမှာဖြစ်ပြီးတော့ အပေါ်ဈေးကွက်ကို ဦးစားပေး ထိုးဖောက်သွားမယ်လို့ ဆိုပါတယ်။

ကနဦးအနေနဲ့ ၎င်းတို့စတင်ထုတ်လုပ်မယ့် ဘီယာရဲ့ဘရန်းနာမည်ကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေး ဘူးလို့ဆိုပါတယ်။ ဒါပေမဲ့ နောက်ဆုံးဆန်ခါတင်နာမည်နှစ်ခုရရှိထားပြီး တစ်ကတော့ Tawandang German Beer ဖြစ်ပြီး နှစ်ကတော့ Carabao Dang Beer လို့ ဆိုပါတယ်။

လက်ရှိမှာ “ခေါက်ဟွမ်း” ဘရန်း အရက်ဖြူတွေကို ထုတ်လုပ်ရောင်းချနေတဲ့ ခါရာဘောင်လုပ်ငန်းစု အနေနဲ့ နှစ်စဉ်ဈေးကွက်တန်ဖိုး ဘတ်သန်း ၂ သိန်း အထိကြီးမားတဲ့ ပြည်တွင်းဘီယာဈေးကွက်ဝေစုကို မျက်စိကျတဲ့နောက် လုပ်ငန်းချဲ့ထွင်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။

ထိုင်းဘီယာဈေးကွက်ကိုတော့ Singha နဲ့ Chang တို့က ဆယ်စုနှစ်ပေါင်းများစွာ ကြီးစိုးထားပါတယ်။

ပလာတူး

SHARE THIS NEWS

OTHER NEWS