10 May 2024

————-

ဗန်ကောက် ဇန်နဝါရီလ ၁၇ ရက်၊ ၂၀၂၃

ထိုင်းနိုင်ငံ စမုဆုန်ခရာမ်ခရိုင် စမုဆုန်ခရာမြို့နယ် မဲကောင်မြစ်ထဲတွင် လောင်စာဆီတင် သင်္ဘောတစ်စင်း မီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။ ပေါက်ကွဲမှုဖြစ်စဉ် ရုပ်သံကိုတော့ Myanmar Live ဘက်က ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။

 

 

ဇန်နဝါရီလ ၁၇ ရက်နေ့ ၂၀၂၃ မနက် ၁၀ နာရီခန့်က စတင်ပေါက်ကွဲခဲ့တာဖြစ်ပြီး၊ အခင်းဖြစ်ပွားတဲ့နေရာတွင် သင်္ဘောပေါ်မှာလုပ်ကိုင်နေတဲ့ အလုပ်သမားတွေ အများအပြားထိခိုက်မှုရှိပြီး၊ မြန်မာလုပ်သားအပါဝင် အလုပ်သမား ၇ ဦးမှာပျောက်ဆုံးနေတယ်လို့ ခရိုင်သတင်းရင်းမြစ်က Myanmar Live ကိုပြောပါတယ်။

 

 

“လှေပေါ်မှာ လူ ၃၀ လောက်ရှိတယ်၊ အလုပ်လုပ်နေကြတာပေါ့၊ ပေါက်ကွဲမှုဖြစ်ပွားတော့ ပေါက်ကွဲမှုဖြစ်တဲ့နေရာက အလုပ်သမား ၁၀ ဦးလောက်ရှိတယ်။ ကနဦးအရ ၄ ဦးဒဏ်ရာရတယ်။ ၁ ဦးတော့ဆုံးတယ်။ ၇ ဦးမှာ ပျောက်ဆုံးနေပြီး ထိခိုက်ဒဏ်ရာရတဲ့အလုပ်သမားတွေမှာ မြန်မာလုပ်သားနှင့် ကမ္ဘောဒီးယားအလုပ်သမားတွေ” လို့ စမုဆုန်ခရာမ်ခရိုင် သတင်းရင်းမြစ်က Myanmar Live ကို ပြောပါတယ်။

 

 

ဒီကနေ့ မနက်ကတည်းက မီးလောင်ပေါက်ကွဲမှုဖြစ်ပွားပြီနောက် လက်ရှိအချိန်ထိ မီးကလောင်နေဆဲပဲဟု သိရပါတယ်။ အလုပ်သမားတွေက ဒီဇယ်ဆီပုံးနားမှာ ဝါရိန်သွားဆော်မိရာကနေစတင်ပေါက်ကွဲတော့တာပဲလို့ အသက်ဘေးက လွက်မြောက်လာတဲ့ အလုပ်သမားတွေကပြောပါတယ်။

ထိုင်းအလုပ်သမားဝန်ကြီးဘက်က ပေါက်ကွဲမှုဖြစ်ပွားပြီတဲ့နောက် အလုပ်သမားတွေ ထိခိုက်မှုရှိတဲ့သတင်းကို ကြားသိရတဲ့အတွက် ဒု-အလုပ်သမားဝန်ကြီးကို တာဝန်ပေးအပ်ပြီး အလုပ်သမားများရသင့်ရထိုက်တဲ့အခွင့်အရေးကို ဆောင်ရွက်ပေးဖို့ မိန့်ကြားထားပြီး၊ ထိခိုက်ဒဏ်ရာရတဲ့ အလုပ်သမားတွေမှာ ကျန်းမာရေးအာမခံတွေရှိကြတယ်လို့ သိရပါတယ်။

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS